ရက်ရှ်ဖို့ဒ်ကို မန်ယူအသင်း စာချုပ်သက်တမ်း (၅)နှစ် သက်တမ်းတိုး
မန်ယူအသင်းဟာ တိုက်စစ်မှူး မားကပ်ရက်ရှ်ဖို့ဒ်ကို စာချုပ်သစ် ၅ နှစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။ အဲဒီစာချုပ်သစ်ကြောင့် ရက်ရှ်ဖို့ဒ်ဟာ တစ်ပတ်လုပ်ခလစာ ပေါင် ၃၇၅၀၀၀ ရရှိမှာဖြစ်ပြီး ဂိုးသမားဒီဂီယာ အသင်းက ထွက်ခွါသွားလို့ မန်ယူအသင်းရဲ့ လစာအများဆုံးကစားသမားဖြစ်လာတော့မှာပါ။ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ...









