နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 22 ရက်

ဘောလုံး

ဘောလုံး အားကစား ဥရောပ

၂၀၂၄ မှာ ဘရာဇီးနည်းပြဖြစ်လာမယ့် အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီအနေနဲ့ လာမယ့် ၂၀၂၄ ခုနှစ်မှာ ဘရာဇီးလက်ရွေးစင်နည်းပြဖြစ်လာလိမ့်မယ်လို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌ အက်နယ်ဒို ရိုဒရီဂွက်ဇ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

နည်းပြအန်ဆယ်လော့တီ မကိုင်တွယ်ခင်မှာတော့ ဖလူမီးနန့်စ်အသင်းနည်းပြ ဖာနန်ဒိုဒီနစ်ဇ်က ဘရာဇီးအသင်းကို ခေတ္တတာဝန်ယူကိုင်တွယ်သွားမှာဖြစ်တယ်လို့လည်း ရိုဒရီဂွက်ဇ်က ဆိုပါတယ်။ “ အန်ဆယ်လော့တီအနေနဲ့ ဘရာဇီးလက်ရွေးစင်အသင်းကို ၂၀၂၄ မှာ ရောက်ရှိလာပါလိမ့်မယ်။ အဲဒီမတိုင်ခင်တော့ သူနဲ့ နည်းစနစ်ပိုင်းဆင်တူတဲ့ ဒီနစ်ဇ်က တာဝန်ယူသွားမှာပါ။ ဒီနစ်ဇ်က ယာယီနည်းပြတော့မဟုတ်ပါဘူး”လို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ရိုဒရီဂွက်ဇ်က ထုတ်ဖော်ပြောသွားခဲ့တာပါ။

ဘရာဇီးအသင်းဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီး နည်းပြတီတီ ရာထူးက နုတ်ထွက်သွားခဲ့လို့ နည်းပြလက်မဲ့ဖြစ်နေခဲ့ပြီး လက်ရှိဘရာဇီးအသင်းရဲ့ ခြေစမ်းပွဲတွေကိုတော့ ယူ ၂၀ နည်းပြ ရာမွန်မင်နီဇက်စ်က တာဝန်ယူကိုင်တွယ်နေတာဖြစ်ပါတယ်။

အီတလီနည်းပြအန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လာမယ့်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်မှာဖြစ်ပြီး သူဟာ ၁၉၆၅ ခုနှစ်နောက်ပိုင်း ဘရာဇီးအသင်းကို တာဝန်ယူကိုင်တွယ်တဲ့ ပထမဆုံးနိုင်ငံခြားသာနည်းပြဖြစ်လာတော့မှာပါ။ အန်ဆယ်လော့တီအနေနဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုဖလား ၄ ကြိမ်ရယူနိုင်ခဲ့သူဖြစ်ပေမယ့် လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖူးတဲ့အတွေ့အကြုံတော့မရှိပါဘူး။

#Era’sEye/SportNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်းအတွက် ပေးအပ်ရန် ကတိပြုထားသော ဒုံးကျည်အစင်း ၂၀,၀၀၀ ကို အမေရိကန်က လမ်းကြောင်းပြောင်း၍ အရှေ့အလယ်ပိုင်းသို့ ပို့လိုက်သည်ဟု ဇလန်းစကီးပြော

  • 2025 ခုနှစ်၊ ဇွန်လ 11 ရက်
  • 41 Views
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်။ “ ရုရှားတိုက်ခိုက်မှုတွေကို ခုခံကာကွယ်ဖို့ အဲ့ဒီဒုံးကျည်တွေကို ကျွန်တော်တို့ ရရှိဖို့ မျှော်လင့်ခဲ့ပါတယ်”
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း ဥရောပ

ဂါဇာကမ်းမြောင်ဒေသရှိ အကူအညီပေးရေးသင်္ဘောကို အစ္စရေးက ကြားဖြတ်ဟန့်တားခဲ့ပြီး ဂရက်သာသွန်းဘာ့ဂ် (Greta Thunberg) နှင့် အခြားထင်ရှားသော တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 9 ရက်
  • 44 Views
၂၀၂၅ခုနှစ်၊ ဇွန် လ၈ရက် ဂရက်သာသွန်းဘာ့ဂ် နဲ့ တခြားထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတွေကို တင်ဆောင်လာတဲ့ ဂါဇာကမ်းမြောင်ဒေသအတွက် အကူအညီပေးရေးသင်္ဘောတစ်စင်းကို အစ္စရေးက ကြားဖြတ်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

အစ္စရေးနိုင်ငံအပေါ် စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံး တရားသူကြီးများကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့လိုက်သည်။

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 35 Views
ဂါဇာကမ်းမြောင်နှင့် အနောက်ဘက်ကမ်းတွင် အစ္စရေးစစ်ရာဇ၀တ်မှုများအတွက် ခုံရုံး၏ စုံစမ်းစစ်ဆေးမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်တွင်ရှိ တရားသူကြီးလေးဦး ပိုင်ဆိုင်သော ပိုင်ဆိုင်မှုများကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဇွန်လ (၆) ရက်။ ဂါဇာကမ်းမြောင်ဒေသနှင့် အနောက်ဘက်ကမ်းတွင် အစ္စရေး၏ စစ်ရာဇ၀တ်မှုများနှင့်
ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်း၏ရုရှား ဗုံးကြဲလေယာဉ်များကို ရဲတင်းစွာ တိုက်ခိုက်ပြီးနောက် ရက်ပိုင်းအတွင်း ရုရှားက လူအသေအပျောက်များစေသော ဒရုန်းနှင့် ဒုံးကျည်များကို ပစ်လွှတ်ခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 35 Views
၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ ရက်၊ ရုရှားနိုင်ငံသည် သောကြာနေ့အစောပိုင်းတွင် ယူကရိန်းနိုင်ငံ အနှံ့အပြားရှိ ပစ်မှတ်အများအပြားကို ဒရုန်းများနှင့် ဒုံးကျည်များဖြင့် ပစ်လွှတ်ခဲ့ရာ မြို့တော်တွင် အနည်းဆုံး လူလေးဦးသေဆုံးပြီး နိုင်ငံအနှံ့ ၄၀ ခန့် ဒဏ်ရာရရှိခဲ့သည်။
နိုင်ငံတကာသတင်း ဗြိတိန် ရုရှား ဥရောပ

ရုရှားနှင့် တရုတ်နိုင်ငံတို့မှ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် ဗြိတိန်၏ ကာကွယ်ရေး အစီအစဉ်သစ်ကို “ပြန်လည်တိုက်ခိုက်ရန်အဆင်သင့်” ဆီသို့ ရွှေ့သွားမည်ဟုဆို

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 59 Views
ဇွန်လ (၄) ရက်။ ရုရှားနှင့် တရုတ်ကဲ့သို့သော နျူကလီးယားအင်အားကြီးများ၏ ခြိမ်းခြောက်မှုအသစ်များကို ရင်ဆိုင်ရချိန်တွင် ဗြိတိန်အစိုးရသည် ၎င်း၏စစ်တပ်တွင် ပေါင်ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။ ၎င်းအစီအစဉ်ကိုကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလီ (John Healy) က လွှတ်တော်မှာ ဇွန်လ
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းရဲ့ ဒရုန်းစစ်ဆင်ရေး ဘယ်လိုဆင်နွှဲခဲ့သလဲ။ (ရုပ်သံသတင်း)

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 42 Views
ဇွန်လ (၁) ရက်နေ့မှာရုရှားလေတပ်စခန်းတွေကိုယူကရိန်းကဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ရုရှားရဲ့စစ်လေယဥ် ၄၀ကျော်ပျက်စီးထိုခိုက်ခဲ့ရပါတယ်။ ရုရှားကိုတိုက်ခိုက်ဖို့အတွက် ယူကရိန်းလုံခြုံ‌ရေးအကြီးအကဲက အိုင်ဒီယာထုတ် အကြံပြုခဲ့တာပါ။ ပင့်ကူအိမ် (Spider Web) လို့ အမည်ရတဲ့ အဲဒီစစ်ဆင်ရေးဟာ ယူကရိန်းနယ်စပ်နဲ့ မိုင်ထောင်ချီကွာဝေးပြီး မတူညီတဲ့စံတော်ချိန် ၃ခုမှာရှိတဲ့
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ထရန့်ကြောင့် အမေရိကန်တွင် ဦးနှောက်ယိုစီးမှု ဖြစ်စေခဲ့သော်လည်း ကမ္ဘာကြီးက ၎င်းကို ရယူရန် အရှိန်မြှင့် လုပ်ဆောင်နေ

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 35 Views
ဇွန်လ (၂) ရက်။ ဘရာဇီးနိုင်ငံမှ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် ဒန်နီရယ်လ် ဘက်(ခ)မန် (Daniel Beckman) သည် အလုပ်အတွက် အမေရိကန်သို့ ပြောင်းရွှေ့ရန် အမြဲတမ်း စိတ်ကူးယဉ်ခဲ့သည်။ ထို့ကြောင့် ၂၀၁၇ ခုနှစ်တွင် Davis
အားကစား

မြန်မာ့အားကစားဦးမော့လာစေဖို့ ဒို့တတွေကြိုးစားစို့

  • 2025 ခုနှစ်၊ မေလ 31 ရက်
  • 41 Views
မြန်မာ့အားကစားဦးမော့လာစေဖို့ ဒို့တတွေကြိုးစားစို့ မြန်မာနိုင်ငံမှာ ကျောင်းပညာသင်ကြားရေးမှာစစ်အစိုးရအဆက်ဆက် ကျောင်းသားတွေကို စာသင်ကြားရေးကိုသာ ဇောင်းပေးလုပ်ခဲ့ပြီး အားကစားပညာကို အလေးမပေးခဲ့တာကြောင့် မြန်မာကလေးတွေ ထူးချွန်တဲ့အားကစားသမားတွေ ကမ္ဘာကျော် အားကစားထူးချွန်သူတွေ အဖြစ်ကနေဝေးခဲ့ရသလို ကာယဗလ ဉာဏဗလနှစ်ခုလုံး ဖွံ့ဖြိုးနိုင်ခွင့်ကိုလည်း ဆုံးရှုံးခဲ့ရ ပါတယ်။ လူမွေးလူတောင်မပြောင်နိုင်ဘဲ