လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံကို သွားရောက်ဖို့ရှိနေတယ်လို့ဆို
ဇွန်လ (၂၅)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘယ်လာရုစ်နိုင်ငံကို သွားရောက်ဖို့ရှိတယ်လို့ စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ EAEU ရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘယ်လာရုစ်သမ္မတရဲ့ ဖိတ်ကြားတာကြောင့် စစ်ခေါင်းဆောင်က မင့်စ်မြို့မှာကျင်းပမယ့် စတုတ္ထအကြိမ် ဥရောပ-အာရှ...









