နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကိုင်းငလျင်ဟာ အခြားငလျင်တွေနဲ့ နှိုင်းယှဉ်ရင် များစွာသက်သာတယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

ဇူလိုင်လ (၂၉)ရက်။

စစ်ကိုင်းငလျင်ဟာ ကမ္ဘာပေါ်မှာ ဖြစ်ပွားခဲ့တဲ့ အသက်ဆုံးရှုံးတဲ့အရေအတွက် သိန်းဂဏန်းရှိတဲ့ ငလျင်တွေနဲ့ နှိုင်းယှဉ်ရင် များစွာလျော့နည်းသက်သာတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ငလျင်ကာလအလွန် နည်းပညာဆိုင်ရာဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ မတ်လ (၂၈)ရက်နေ့က ရစ်ခ်ျတာစကေး (၇)ဒသမ(၇)အဆင့် လှုတ်ခတ်ခဲ့ပြီး တိုင်းဒေသကြီး (၅)ခုမှာ ထိခိုက်ပျက်စီးခဲ့တဲ့ ငလျင်ကြီးဟာ စစ်ကိုင်းပြတ်ရွေ့ကြောပေါ်မှာ လှုပ်ခတ်ခဲ့ပေမယ့် စစ်ခေါင်းဆောင်ကတော မန္တလေးငလျင်လို့ပဲ သုံးနှုန်းပြောဆို‌ခဲ့ပါတယ်။

အဲ့ဒီငလျင်ကြောင့် ပြည်သူ (၃၇၀၀)ကျော်သေဆုံးကာ လူနေအိမ် (၅၀၀၀၀)ကျော်အပါအဝင် လမ်း၊ တံတားတွေ၊ တာဝါတိုင်တွေ၊ ကျောင်း၊ ဆေးရုံတွေ၊ သာသနိကအဆောက်အအုံတွေ၊ စက်ရုံ/အလုပ်ရုံတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

အခုလို ပြည်သူတွေ အသက်ဆုံးရှုံးတာတွေနဲ့ ထိခိုက်ပျက်စီးတာတွေ အများအပြားရှိခဲ့ပြီး ငလျင်ကာလ (၄)လကြာတဲ့အထိ ပြန်လည်ထူထောင်ရေးကို ထိထိရောက်ရောက် မလုပ်နိုင်သေးတဲ့အချိန်မှာ စစ်ခေါင်းဆောင်က အခြားငလျင်တွေနဲ့ နှိုင်းယှဉ်ရင် များစွာသက်သာတယ်ဆိုပြီး ပြောဆိုခဲ့တာပါ။

နောက်ပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တာတွေကို ပြန်လည်ထူထောင်နိုင်ဖို့ စစ်ကောင်စီက ကနဦးမတည်ငွေ ကျပ် (၅၀၀)ဘီလီယံ ထောက်ပံ့ထားကာ တည်ဆောက်ရေးလုပ်ငန်းတွေအတွက် ကျပ် (၂)ထရီလီယံ ထပ်မံထောက်ပံ့ထားတယ်လို့ ‌ဆိုပါတယ်။

ဒါ့အပြင် ဆွေးနွေးပွဲထဲ ကမ္ဘာမှာ ငလျင်ဒဏ်ခံရတဲ့ နိုင်ငံတွေထဲ ဂျပန်၊ တရုတ်၊ အင်ဒိုနီးရှား စတဲ့ အာရှနိုင်ငံတွေဟာ နည်းပညာနဲ့ အ‌ရည်အသွေးကောင်းတဲ့ တည်ဆောက်ရေးပစ္စည်းတွေကို အသုံးပြုပြီး မိုးမျှော်တိုက်တွေ၊ အဆင့်မြင့်အဆောက်အအုံတွေ တည်ဆောင်နိုင်ပေမယ့် မြန်မာမှာ ဘာကြောင့် မလုပ်နိုင်တာကို စဉ်းစားဖို့ဆိုပြီး သူက ညွှန်ကြားခဲ့ပါသေးတယ်။

အဲ့ဒီနောက် ငလျင်ဒဏ်သင့် အဆောက်အအုံတွေကို ပြန်လည်တည်ဆောက်ဖို့အတွက် “အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနဲ့ အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ”ကို ဖွဲ့စည်းပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 12 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 14 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 17 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 14 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 17 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 18 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 27 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 37 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး