ရွေးကောက်ပွဲ အောင်မြင်ဖို့ ပြည်သူတွေ ပူးပေါင်းပေးကြပါဆိုပြီး စစ်ခေါင်းဆောင် မေတ္တာရပ်ခံ
ဧပြီလ (၁၇)ရက်။ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ပြီးမြောက်နိုင်ဖို့အတွက် ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြပါဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ နှစ်သစ်ကူးနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ပါတီစုံဒီမိုကရေစီစနစ်ကို အမှန်တကယ်လိုလားတယ်ဆိုရင် အဓိကဖြစ်တဲ့ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ပြီးမြောက်နိုင်ဖို့အတွက်...








