နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်

အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။

ရပ်ကွက်တစ်ခုလုံး အပျက်အစီးပုံများဖြစ်သွားခြင်း၊ နေအိမ်များ ဗုံးဒဏ်ကြောင့် ပျက်စီးခြင်းနှင့် မိသားစုထောင်ပေါင်းများစွာ လမ်းမပေါ်တွင် နေရပ်စွန့်ခွာနေရသည့် မြင်ကွင်းများ ထွက်ပေါ်လာသည်။ တိုက်ပွဲများ၏ အတိုင်းအတာနှင့် အကြိမ်ရေသည် “အရပ်သားများ၏ အသက်အိုးအိမ်စည်းစိမ်ကို လျစ်လျူရှုထားခြင်းကို ပြသနေသည်” ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက သတိပေးခဲ့သည်။ Human Rights Watch အဖွဲ့က ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် “ချိုးဖောက်မှုများကို ပြင်းထန်စွာ ရှုတ်ချရန်” နှင့် “တာဝန်ယူမှု ရှိစေရန် တောင်းဆိုရန်” ကြာသပတေးနေ့တွင် တိုက်တွန်းခဲ့သည်။

ထရမ့်အစိုးရအဖွဲ့သည် တိုက်ပွဲများအဆုံးသတ်ရေးအတွက် နည်းလမ်းအမျိုးမျိုး ပြောင်းလဲ ကျင့်သုံးနေသော်လည်း အီရန်၊ လက်ဘနွန်နှင့် အခြားနေရာများရှိ အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ်များနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် သွေးထွက်သံယိုဖြစ်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသည်။

သိထားသင့်သည့် အချက်များမှာ-

အီရန်နိုင်ငံတွင် ဖေဖော်ဝါရီ ၂၈ ရက်၌ အမေရိကန်နှင့် အစ္စရေးတို့က တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက်ပိုင်း အီရန်တွင် လူပေါင်း ၁,၇၅၀ ကျော် သေဆုံးခဲ့ကြောင်း အပြည်ပြည် ဆိုင်ရာ ရေကြောင်းအဖွဲ့ (IMO) ဆိုင်ရာ အီရန်ဒုတိယအမြဲတမ်းကိုယ်စားလှယ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် Islamic Republic News Agency က ဖော်ပြသည်။ ထိုအတောအတွင်း ကလေးငယ် ၂၁၇ ဦး သေဆုံးခဲ့ကြောင်း အမေရိကန် အခြေစိုက် Human Rights Activists News Agency (HRANA) က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ အနည်းဆုံး အီရန်စစ်ဘက်ဝန်ထမ်း ၁,၁၆၇ ဦး သေဆုံးခဲ့ကြောင်း HRANA က ဆက်လက်ပြောကြားသည်။

လက်ဘနွန်နိုင်ငံတွင် မတ်လ ၂ ရက်နေ့မှစ၍ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှု များကြောင့် လူပေါင်း ၁,၁၁၆ ဦး သေဆုံးပြီး ၃,၂၂၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။ သေဆုံးသူများထဲတွင် အနည်းဆုံး ကလေးငယ် ၁၂၁ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၄၂ ဦး ပါဝင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဆိုသည်။

အီရတ်နိုင်ငံတွင်ရှိ အာဏာပိုင်များ၏ ပြောကြားချက်အရ အီရတ်တစ်ဝှမ်းတွင် အနည်းဆုံး လူပေါင်း ၉၆ ဦး သေဆုံးခဲ့သည်။ အီရတ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဖက်ဒရယ်ဒေသဖြစ်သော ကာ့ဒစ္စတန်ဒေသတွင် အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ကြောင်း ဒေသန္တရအစိုးရက ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံတွင် နောက်ဆုံးအခြေအနေ တင်းမာလာမှုကြောင့် အစ္စရေးတွင် အရပ်သား အနည်းဆုံး ၁၈ ဦး သေဆုံးခဲ့ကြောင်း၊ ယင်းတွင် ယခုသီတင်းပတ်ကုန်က လက်ဘနွန် နယ်စပ်တစ်လျှောက် အစ္စရေး၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် အရပ်သားတစ်ဦးလည်း ပါဝင်ကြောင်း အစ္စရေးစစ်တပ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ထို့အပြင် လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးစစ်သား ၄ ဦး သေဆုံးခဲ့သည်။

အစ္စရေး သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း (West Bank) တွင် အီရန်ဒုံးကျည်ကြောင့် ပါလက်စတိုင်း ၄ ဦး သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ကြာသပတေးနေ့တွင် ပြောကြား ခဲ့သည်။ ပါလက်စတိုင်းလူ့အဖွဲ့အစည်းများအပေါ် အစ္စရေး အခြေချနေထိုင်သူများ၏ အကြမ်းဖက်မှုများလည်း မြင့်တက်လာခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်နောက်ပိုင်း အစ္စရေးအခြေချနေထိုင်သူများကြောင့် ပါလက်စတိုင်း အနည်းဆုံး ၅ ဦး သေဆုံးခဲ့ကြောင်း အစ္စရေးလူ့အခွင့်အရေးအဖွဲ့ B’TSelem က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသအခြေအနေ။  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နောက်ပိုင်း ဂါဇာတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူပေါင်း ၇၂,၂၆၇ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် အစီရင်ခံခဲ့သည်။ ထိုအထဲမှ ၆၉၁ ဦးမှာ အောက်တိုဘာ ၁၁ ရက်၊ အစ္စရေးနှင့် ဟားမတ်စ်တို့ အမေရိကန်ဦးဆောင်သည့် “အပစ်အခတ်ရပ်စဲရေး” သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စု။  ဖေဖော်ဝါရီလနှောင်းပိုင်းမှစ၍ အမေရိကန် စစ်ဘက်ဆိုင်ရာ ဝန်ထမ်း ၁၃ ဦး သေဆုံးခဲ့ကြောင်း အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) အရ သိရသည်။

ဒေသတွင်း အခြားနေရာများ။  ဒေသန္တရအာဏာပိုင်များ၏ ပြောကြားချက်အရ ဖေဖော်ဝါရီ ၂၈ ရက်နောက်ပိုင်း ပါရှန်ပင်လယ်ကွေ့တစ်လျှောက်ရှိ အာရပ်နိုင်ငံများတွင် လူပေါင်း ၃၀ ကျော် သေဆုံးခဲ့သည်။ သေဆုံးသူအများစုမှာ အကာအကွယ်မဲ့ပြီး ထိခိုက်လွယ်သည့် ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြသည်။

ဘေရွတ်မြို့တောင်ဘက် ဒါဟီယေး (Dahiyeh) ဆင်ခြေဖုံးရပ်ကွက်မှ နေရပ်စွန့်ခွာလာရသော ကလေးငယ်များသည် လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ ကမ်းရိုးတန်းရှိ ၎င်းတို့၏ တဲများအတွင်း ကြာသပတေးနေ့က မိုးခိုနေကြစဉ်။ Emilio Morenatti/AP (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 80 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 74 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက