ရန်ကုန်မြို့နေပြည်သူတွေအနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို နွေးထွေးပျူငှာစွာကြိုဆိုကြဖို့ ရန်ကုန်တော်လှန်ရေးအင်အားစုတွေတိုက်တွန်း
ဩဂုတ်လ (၁၃)ရက်။ ရန်ကုန်မြို့နေပြည်သူတွေအနေနဲ့ ပြောင်းရွှေ့နေထိုင်လာကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို နွေးထွေးပျူငှာစွာ ကြိုဆိုဆက်ဆံပေးကြဖို့ ရန်ကုန်အခြေစိုက်တော်လှန်ရေးအင်အားစုတွေရဲ့ ဒီကနေ့မှာ တိုက်တွန်းထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေရဲ့ လက်နက်ကိုင်ခုခံထိုးစစ်တွေကြောင့် ဆက်တိုက်ရှုံးနိမ့်နေပြီး တမြို့ပြီးတမြို့ လက်လွှတ်ဆုံးရှုံးနေရပြီလို့ ဆိုပါတယ်။...