နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပကဖရဲဘော်တွေ သတ်ဖြတ်ခံရတဲ့အပေါ် အမှုမှန်ပေါ်အောင် ဆောင်ရွက်ပေးဖို့ အိန္ဒိယအစိုးရကို NUG တောင်းဆို

မေလ (၂၂)ရက်။

နှစ်နိုင်ငံနယ်စပ် မြန်မာပြည်ဘက်ခြမ်း တမူးမြို့အနီး ခရိုင်ပကဖရဲဘော်တွေ ရက်စက်စွာ သတ်ဖြတ်ခံရတဲ့အပေါ် အမှုမှန်ပေါ်အောင် ဆောင်ရွက်ပေးဖို့ အိန္ဒိယအစိုးရကို NUG က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ခရိုင်ပကဖရဲဘော် (၁၀)ဦးဟာ မေလ (၁၄)ရက်နေ့ကစပြီး ပျောက်ဆုံးသွားကာ အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့ အာသံရိုင်ဖယ်ဆီကနေ မေလ (၁၆)ရက်မှာ ရုပ်အလောင်း (၁၀)လောင်းကို ညှိနှိုင်း တောင်းဆိုလက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။

NUG တာဝန်ရှိသူတွေအနေနဲ့ (၇)ရက်ထဲ စုံစမ်းစစ်ဆေးတာတွေပြုလုပ်ပြီး အိန္ဒိယက ညှိနှိုင်းဆောင်ရွက်ဖို့ အထူးဖွဲ့စည်းထားတဲ့ Task Force for India အနေနဲ့ ဆောင်ရွက်ခဲ့ကာ ကနဦး စစ်ဆေးတွေ့ရှိတာတွေကို အိန္ဒိယတာဝန်ရှိသူတွေနဲ့ ပူးပေါင်းကာ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ‌သိရပါတယ်။

နောက်ပြီး မြေပြင်စစ်ဆေးတွေ့ရှိတဲ့ ဖြစ်စဉ်အမှန်ဟာ အိန္ဒိယမီဒီယာတွေက ထုတ်ပြန်ချက်နဲ့ ကွဲလွဲနေပြီး ပကဖရဲဘော်တွေဟာ တိုက်ပွဲဖြစ်ပွားတာကြောင့် ကျဆုံးတာမဟုတ်ဘဲ အာသံရိုင်ဖယ်တပ်ဖွဲ့ရဲ့ အကြောင်းပြချက်မခိုင်လုံဘဲ ဖမ်းဆီးသတ်ဖြတ်တာကြောင့်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အလောင်းတွေ ပြန်လည်တောင်းယူတာမှာလဲ ပကဖရဲဘော်တွေဟာ အိန္ဒိယ်နိမိတ်ထဲ ဝင်ရောက်ပြီး စတင်တိုက်ခိုက်ခံရတာကြောင့် နှိမ်နင်းခံရကာ နိုင်ငံနယ်နိမိတ် ခြံစည်းရိုးခတ်တာကို မကန့်ကွက်ဖို့ ဖိအားပေး လက်မှတ်ထိုးခိုင်းပြီးမှ ပြန်လွှဲပေးတာလို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် အိန္ဒိယအစိုးရအနေနဲ့ အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ဖို့၊ အိန္ဒိယကို ဆန့်ကျင်တိုက်ခိုက်သူတွေ မဟုတ်တာကို သိရှိပေမယ့် ရက်စက်စွာ သတ်ဖြတ်တဲ့အပေါ် တာဝန်ယူ အပြစ်ပေးအရေးယူ ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။

ဖြစ်စဉ်ထဲ နစ်နာတာတွေကို တာဝန်ယူဆောင်ရွက်ပေးပြီး နစ်နာသူမိသားစုတွေကို နစ်နာကြေးပေးဖို့အပါအဝင် ဒီလိုကိစ္စတွေ ထပ်မဖြစ်ဖို့နဲ့ နှစ်နိုင်ငံ နယ်ခြားစည်းညှိနှိုင်းတာ မပြီးပြတ်သေးတဲ့ကာလမှာ တဖက်သတ် ခြံစည်းရိုးခတ်တာကို ယာယီရပ်ဆိုင်းထားဖို့ NUG က တိုက်တွန်းထားပါတယ်။

အခုထုတ်ပြန်တာဟာ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒလဲဖြစ်တာကြောင့် အိန္ဒိယအစိုးရ‌အနေနဲ့ အလေးထားဆောင်ရွက်မယ်လို့ ယုံကြည်ကာ အမှုမှန်မပေါ်ပေါက်ခဲ့ရင် ဖြစ်ပေါ်လာမယ့်ကိစ္စတွေမှာ ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲမယ်လို့ အထူး မေတ္တာရပ်ခံ တောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 140 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 122 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 112 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို