စိုးမိုးနယ်မြေတွေရှိ ဆေးရုံဆေးခန်းပေါင်း (၇၀၀)ကျော်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ NUG ထုတ်ပြန်
ဇွန်လ (၁၄)ရက်။ (၃)နှစ်တာကာလထဲ စိုးမိုးနယ်မြေတွေရှိ ဆေးရုံ၊ ဆေးခန်းနဲ့ ရွေ့လျားဆေးခန်းပေါင်း (၇၀၀)ကျော်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ၂၀၂၁ခုနှစ် ဧပြီလ (၁၆)ရက်ကစပြီး ၂၀၂၄ခုနှစ် ဧပြီလ (၁၆)ရက်နေ့အထိ...