တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA အတည်ပြုပြောဆို
ဒီဇင်ဘာလ (၁၆)ရက်။ မနေ့က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ အာရက္ခတပ်တော်(AA) ပြောခွင့်ရ ဦးခိုင်သုခရဲ့ အတည်ပြုပြောဆိုထားချက်အရ သိရပါတယ်။ “ တောင်ကုတ်မြို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စကခ(၅)တပ်မဌာနချုပ်ကို အပြီးသတ်ရှင်းလင်းစိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်”...








