နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

သဘာဝဓါတ်ငွေ့ရည်(LNG)သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့ စစ်ကောင်စီပြင်ဆင်နေ

ဇန်နဝါရီလ (၈)ရက်။

သဘာဝဓါတ်ငွေ့ရည်(LNG)သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ စစ်ကောင်စီဝန်ကြီး တင်အောင်စန်းရဲ့ မနေ့က လျှပ်စစ်နဲ့ စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

လျှပ်စစ်ထုတ်လုပ်နိုင်ဖို့အတွက် ရေအားနဲ့ သဘာဝဓါတ်ငွေ့တို့အပေါ် အဓိကမှီခိုနေရကာ ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုမှုကို အခုထက် ပိုမိုတွင်ကျယ်အောင် ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။

အခုအခါ မဟာဓါတ်အားလိုင်းတွေနဲ့ ဓါတ်အားခွဲရုံတွေ ဖျက်ဆီးခံရတာကြောင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ပေးနိုင်တဲ့ စက်ရုံတွေကနေ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးပို့လို့မရတာလို့ စစ်ကောင်စီဝန်ကြီးက ပြောဆိုထားပါတယ်။

နောက်ပြီး သဘာဝဓါတ်ငွေ့ပိုက်လိုင်းတွေ ထိန်းသိမ်းပြုပြင်တာတွေကြောင့် လျှပ်စစ်ဓါတ်အား အပြည့်အဝ မထုတ်လုပ်နိုင်တဲ့အပြင် ရေကြီးရေလျှံတာတွေကြောင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ လည်ပတ်မရတာနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ်ထဲ အနိမ့်တမံတွေ တည်ဆောက်ကာ လျှပ်စစ်ထုတ်ယူနိုင်တဲ့နေရာ (၁၆)ခုရှိပြီး ဦးစားပေး (၄)နေရာထဲက အသင့်လျော်ဆုံး တစ်နေရာကို အကျိုးအပြစ်တွေနဲ့အတူ တင်ပြဖို့ စစ်ခေါင်းဆောင်က ညွှန်ကြားထားပါသေးတယ်။

အခုအခါ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးတာမှာ ရရှိသမျှ လျှပ်စစ်ဓါတ်အားနဲ့ အချိန်လိုက် အုပ်စုခွဲပြီး လျှပ်စစ်ဓါတ်အားသုံးသူတွေကို တတ်နိုင်သလောက် အဆင်ပြေအောင် ဖြန့်ဖြူးပေးနေတယ်လို့လဲ ပြောဆိုထားပါသေးတယ်။

လူဦးရေ (၇)သန်းကျော်ရှိတဲ့ ရန်ကုန်မြို့မှာ စစ်ကောင်စီက တစ်ရက်ကို အုပ်စု (၃)ခုခွဲပြီး (၈)နာရီ မီးပြတ်ကာ (၄)နာရီ (၂)ကြိမ်သာ လျှပ်စစ်မီး ပေးနေတာကြောင့် ပြည်သူတွေအနေနဲ့ ဆိုးဝါးတဲ့အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ဆန့်ကျင်ကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 32 Views
ဇူလိုင်လ (၅)ရက်။ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ဆန့်ကျင်ကြဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့
မြန်မာသတင်း

သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ့ဆေးရုံအပါအဝင် အဆောက်အဦးအချို့ ထိမှန်ပျက်စီးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 27 Views
ဇူလိုင်လ (၅)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်က သီပေါမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA
မြန်မာသတင်း

တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆန့်ကျင်ဖို့ NUCC နဲ့ NUG တို့ ပန်ကြားစာပေးပို့

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 26 Views
ဇူလိုင်လ (၅)ရက်။ စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲနဲ့ အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အတူဆန့်ကျင်ဖို့ တော်လှန်ရေးအင်အားစုတွေကို NUCC နဲ့ NUG တို့က ဒီကနေ့မှာ မေတ္တာရပ်ခံတဲ့ ပန်ကြားစာ‌တစောင် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီပန်ကြားစာကို NUCC
မြန်မာသတင်း

PDF တွေအပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ရွေးကောက်ပွဲဝင်ဖိုဆိုပြီး စစ်ကောင်စီ ထပ်မံဖိတ်ခေါ်

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 24 Views
ဇူလိုင်လ (၅)ရက်။ PDF တွေအပါအဝင် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို ပူးပေါင်းပါဝင်ဖို့ဆိုပြီး စစ်ကောင်စီက မနေ့က ထပ်မံဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီက ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်ဆိုပြီး ထုတ်ပြန်ထားကာ အဲ့ဒီဖိတ်ခေါ်ချက်ထဲ NUG၊ CRPH နဲ့ PDF
မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေ

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 35 Views
ဇူလိုင်လ (၄)ရက်။ နောင်ချိုမြို့ရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နှစ်ဖက်တိုက်ပွဲတွေဟာ နောင်လင်၊ ကျောက်တော်၊ အုမ္မခါး၊ လုံစံနဲ့ လုံရဲရွာကြားအပြင် အုမ္မသီးနဲ့ ဆမ္မဆယ်ရွာကြားတို့မှာ
မြန်မာသတင်း

တောင်သာမှာ အရက်ထွက်ဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 32 Views
ဇူလိုင်လ (၄)ရက်။ မနေ့က ညနေပိုင်းအချိန်က တောင်သာမြို့ရှိ အမှတ်(၁)စွပ်ကျယ်စက်ရုံက စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အမှတ်(၁) စွပ်ကျယ်စက်ရုံမှာ လုံခြုံရေးတာဝန်ကျနေတဲ့ စကစတပ်ဖွဲ့ဝင် (၂)ဦးက အရက်ထွက်ဝယ်ဖို့
မြန်မာသတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မပူးပေါင်းဘဲ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 33 Views
ဇူလိုင်လ (၄)ရက်။ အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်တာမပြုဘဲ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ NUG က မနေ့က တိုက်တွန်းထားတယ်လို့ သိရပါတယ်။ ပြည်သူ့အာဏာကို မတရားသိမ်းယူဖို့ ကြိုးစားနေတဲ့ တရားမဝင်စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပဖို့ အခွင့်အာဏာမရှိဘူးလို့
မြန်မာသတင်း

နိုင်ငံငြိမ်းချမ်းရေး အမျိုးသမီးတွေ ပူးပေါင်းပါဝင်ဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 31 Views
ဇူလိုင်လ (၄)ရက်။ နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ အမျိုးသမီးထုကြီးတရပ်လုံးက ပူးပေါင်းပါဝင်ဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာပြုလုပ်တဲ့ မြန်မာအမျိုးသမီးများ‌နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်ရာမှာ အမျိုးသမီးထုကြီးတရပ်လုံးက