ရန်ကုန် လှည်းကူးမြို့မှာ ညမထွက်ရအမိန့် စစ်ကောင်စီ အချိန်ထပ်တိုးထုတ်ပြန်
နိုဝင်ဘာလ (၂၅)ရက်။ မနေ့ကစပြီး ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ စစ်ကောင်စီက ညမထွက်ရအမိန့်ကို အချိန်ထပ်တိုး ထုတ်ပြန်ထားတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ကြေညာတာတော့ မနေ့ကညပိုင်းကထဲက အသံချဲ့စက်နဲ့ လိုက်အော်နေတာ။ ထုံးစံအတိုင်းပဲပေါ့ မြို့နယ်အေးချမ်းတည်ငြိမ်ရေးကို ပျက်ပြားအောင်လုပ်တယ်ဆိုပြီး...









