နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူတရပ်လုံး ယုံကြည်အားကိုးရတဲ့တပ်တခုဖြစ်အောင် ကြိုးပမ်းနေတယ်လို့ AYA PDF ထုတ်ပြန်

ဒီဇင်ဘာလ (၂၇)ရက်။

မြန်မာပြည်သူတရပ်လုံး ယုံကြည်အားကိုးရတဲ့တပ်တစ်ခုဖြစ်အောင် ကြိုးပမ်းနေတယ်လို့ AYA PDF(ဧရာဝတီ PDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ၊ တိုင်းစစ်ဌာန(ဧရာဝတီတိုင်း)၊ အမှတ်(၂၉)ဗျူဟာဖြစ်တဲ့ AYA PDF(ဧရာဝတီPDF)အနေနဲ့ အမိန့်နာခံမှုကောင်းပြီး စစ်စည်းကမ်းကောင်းမွန်ကာ တိုက်ခိုက်ရေးစွမ်းရည်မြင့်မားတဲ့ တပ်မှူးတွေ၊ ရဲဘော်တွေနဲ့ စနစ်တကျဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်လို့ ဆိုပါတယ်။

AYA PDF(ဧရာဝတီ PDF)အနေနဲ့ တိုက်ရည်ခိုက်ရည် အတွေ့အကြုံ အတန်အသင့်ရထားပြီး ယုံကြည်အားကိုးရတဲ့တပ်တစ်ခုဖြစ်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အစိပေးထားပါတယ်။

နောက်ပြီး AYA PDF အမှတ်(၂၉)ဗျူဟာ Facebook page ကနေ ဗျူဟာရဲ့ လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းတွေ၊ အလှူရှင်တွေရဲ့ ထောက်ပို့ပေးနေတာတွေကို တိကျတဲ့စာရင်းတွေနဲ့ ထုတ်ပြန်တာနဲ့ ဂုဏ်ပြုလွှာတွေ ပေးပို့သွားမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ရေးသတင်းတွေနဲ့ ထုတ်ပြန်သင့်တဲ့သတင်းတွေကို အချိန်နဲ့တပြေးညီ အသိပေးထုတ်ပြန်တာတွေ ဆောင်ရွက်သွားမယ်လို့လဲ အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ရေးအရှိန်မြင့်တက်လာနိုင်တဲ့ ဧရာဝတီတိုင်းမှာ ဒီဇင်ဘာလအစောပိုင်းက တိုင်းစစ်ဌာနဖွဲ့စည်းခဲ့ပြီးနောက် ဒီကနေ့မှာ အမှတ်(၂၉)ဗျူဟာ AYA PDF အနေနဲ့ အသိပေးကြေညာလာတာဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 20 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့