ဗန်းမော်မြို့ မကျစေဖို့ စစ်ကောင်စီက အပြင်းအထန် ခုခံနေပြီး အရပ်သား ထိခိုက်သေဆုံးတာ အများအပြားရှိ
ဇန်နဝါရီလ (၆)ရက်။ ဗန်းမော်မြို့ လက်မလွှတ်ရစေဖို့ စစ်ကောင်စီဘက်က အပြင်းအထန် ခုခံနေကာ နေအိမ်နဲ့ အရပ်သား ထိခိုက်သေဆုံးတာ အများအပြားရှိခဲ့တယ်လို့ မြေပြင်သတင်းတပ်ဖွဲ့တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဗန်းမော်တိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အသာစီးတိုက်ခိုက်နေတာပါ။ စခတွေဘက်က...









