နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

အွန်လိုင်းလိမ်လည်လုပ်ငန်းတွေက ထိုင်းကနေ လျှပ်စစ်နဲ့ အင်တာနက်ရနေတာလို့ စစ်ကောင်စီပြော

ဇန်နဝါရီလ (၂၁)ရက်။

ရွှေကုက္ကိုလ်ဒေသက အွန်လိုင်းလိမ်လည်လုပ်ငန်းတွေဟာ ထိုင်းနိုင်ငံကနေ လျှပ်စစ်ဓါတ်အားနဲ့ အင်တာနက်လိုင်း အဆက်အသွယ်တွေ ရနေတာလို့ စစ်ကောင်စီရဲ့ ဒီကနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အွန်လိုင်းလိမ်လည်တာနဲ့ အွန်လိုင်းလောင်းကစားတွေ လုပ်ဆောင်နေသူတွေဟာ ၂၀၁၅ခုနှစ်ခန့်ကစပြီး ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယားတို့မှာ လုပ်ကိုင်ကြပြီး ၂၀၁၉ခုနှစ်နောက်ပိုင်းမှာ မြန်မာကို ရောက်လာတာလို့ ဆိုပါတယ်။

အဲ့ဒီလုပ်ငန်းတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်၊ အင်တာနက်၊ လက်နက်ခဲယမ်းနဲ့ အဆောက်အဦးတွေကို ထိုင်းနိုင်ငံကနေ ရယူသုံးစွဲနေကာ လုပ်ဆောင်သူတွေဟာ မြန်မာနိုင်ငံက မဟုတ်ဘဲ တရားမဝင် ဝင်ရောက်နေထိုင်သူတွေလို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် အွန်လိုင်းလိမ်လည်တာတွေနဲ့ အွန်လိုင်းလောင်ကစားမှုတွေ ပပျောက်ဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လဲ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အတူတိုက်ဖျက်ဖို့ စစ်ကောင်စီက ပြောဆိုထားပါသေးတယ်။

နောက်ပြီး အဲ့ဒီလုပ်ငန်း လုပ်ဆောင်နေသူတွေဟာ သာမန်လူတွေမဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံတွေမှာ ရာဇဝတ်မှုတွေဖြစ်ပြီး တိမ်းရှောင်ထွက်ပြေးနေရတဲ့ လောင်းကစားလုပ်နေကြသူတွေက ဦးဆောင်နေကြတာလို့ သိရပါတယ်။

ဒါ့အပြင် ကျူးလွန်နေသူတွေဟာ တည်ငြိမ်အေးချမ်းမှု မရှိတဲ့ ဒေသတွေကို ပစ်မှတ်ထားပြီး အပစ်ရပ်လက်နက်ကိုင်အဖွဲ့အချို့အပါအဝင် လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်နေရာတွေကနေ ကိုယ်ကျိုးစီးပွားရှာသူတွေနဲ့ ပူးပေါင်းကာ လုပ်ဆောင်နေတာလို့လဲ ပြောဆိုထားပါတယ်။

အခုလို ကျူးလွန်သူတွေကို နိုင်တကာအဖွဲ့တွေနဲ့ ပူးပေါင်းကာ ဖော်ထုတ်အရေးယူတာတွေကို ပြတ်ပြတ်သားသား ဆောင်ရွက်နေပြီး အွန်လိုင်းလောင်းကစား တိုက်ဖျက်တာကို အမျိုးသားရေးတာဝန်အနေနဲ့ ပူးပေါင်းတိုက်ဖျက်ဖို့ တိုက်တွန်းထားပါသေးတယ်။

စစ်ကောင်စီအနေနဲ့ နယ်စပ်ဒေသတွေကနေ ဖော်ထုတ်ရရှိတဲ့ တရားမဝင် ဝင်ရောက်နေသူတွေကို နေရပ်ပြန်ပို့ခဲ့တာမှာ ၂၀၂၃ခုနှစ် အောက်တိုဘာလကနေ အခုလအထိ တရုတ်နဲ့ ရုရှားအပါအဝင် နိုင်ငံခြားသား (၅၅၀၀၀)ကျော်ကို လွှဲပြောင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပါအဝင် အာရှ၊ ဥရောပ၊ တရုတ်နဲ့ တောင်အာဖရိကဒေသရှိ နိုင်ငံပေါင်း (၃၈)နိုင်ငံက (၄၁၀၀)ကျော်ကို ကူညီရှာဖွေဖို့ အကြောင်းကြားခဲ့ရာမှာလဲ (၁၃၀၀)နီးပါးအထိ ရှာဖွေနိုင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို