တန့်ယန်းမှာ ကျားဖျန့်လုပ်ကိုင်သူ (၁၀၀၀)ကျော်ကို “ဝ”တပ်ဖမ်းဆီး၊ တရုတ်နိုင်ငံသား (၇၀၀)ကျော်ကို တရုတ်လက်ထဲ လွှဲပြောင်းပေးခဲ့
နိုဝင်ဘာလ (၂၀)ရက်။ “ဝ”တပ် UWSA ဝင်ရောက်ခဲ့တဲ့ တန့်ယန်းမြို့ထဲ ကျားဖျန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် (၁၀၀၀)ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ WSTV ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ UWSA တပ်စွဲကင်းလှည့်နေတဲ့ တန့်ယန်းမြို့အနီးတဝိုက်မှာ ကျားဖျန့်(ခ)အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ပတ်သက်ပြီး သတင်းရရှိတာကြောင့်...









