နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

အခုနှစ်ကုန်မှာ သန်းခေါင်စာရင်း အပြီးကောက်မယ်လို့ စစ်ခေါင်းဆောင်ပြော

နိုဝင်ဘာလ (၂၀)ရက်။

အခုနှစ်ကုန်ပိုင်းမှာ သန်းခေါင်စာရင်းကို အပြီးသတ်ကောက်ယူမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ သန်းခေါင်စာရင်းကောက်တာကို စစ်ကောင်စီက အောက်တိုဘာလ (၁)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ သတ်မှတ်ခဲ့ပေမယ့် မပြီးပြတ်တာကြောင့် ရက်တိုးကောက်ယူနေရတာပါ။

အခုအခါ စစ်ကောင်စီရဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာမှာ နိုင်ငံ့လူဦးရေရဲ့ (၆၃)ရာခိုင်နှုန်းကျော် ကောက်ယူနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

နောက်ပြီး သန်းခေါင်စာရင်း ကောက်ယူဖို့ကျန်ရှိနေတဲ့ နေရာတွေမှာ အတတ်နိုင်ဆုံးနဲ့ အနီးစပ်ဆုံးအထိ ရောက်ရှိအောင် ဆက်လက်ကောက်ယူနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်တဲ့လုပ်ငန်းဟာ ပြည်သူရဲ့ ပူးပေါင်းပါဝင်တာမရသလို သန်းခေါင်စာရင်းကောက်သူတွေကလဲ အဖြစ်သဘောသာ လုပ်နေတဲ့အတွက် မအောင်မြင်ခဲ့ဘူးလို့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ သန်ခေါင်စာရင်းကောက်ယူတဲ့ လုပ်ငန်းစဉ်ဟာ အနှစ်သာရမရှိတာနဲ့ ရရှိတဲ့ အချက်အလက်တွေ မခိုင်မာတာကြောင့် သမိုင်းတလျှောက် အဆင့်အတန်းမရှိတဲ့ ကြိုးပမ်းမှုအနေနဲ့သာ သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကွတ်ခိုင်မှာ မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းအများအပြား ဖမ်းမိတယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 10 Views
ဇွန်လ (၂၀)ရက်။ ဇွန်လ (၁၇)ရက်နေ့ ကွတ်ခိုင်မြို့ ဟိုကျန့်ရွာက နေအိမ်တအိမ်မှာ လက်နက်ခဲယမ်းအများအပြားနဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တယ်လို့ TNLA ရဲ့
မြန်မာသတင်း

ပြည်သူနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ဟာ နွေဦးတော်လှန်ရေးကြီးနဲ့ ထပ်တူရပ်တည်နေတယ်လို့ဆို

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 7 Views
ဇွန်လ (၂၀)ရက်။ ပြည်သူ‌နဲ့အတူ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နွေဦးတော်လှန်ရေးကြီးနဲ့ ထပ်တူရပ်တည်နေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ မနေ့က ‌ပေးပိုးတဲ့
မြန်မာသတင်း

စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ ကန့်ဒေါင့်ရဲစခန်းသိမ်းပိုက်နိုင်ခဲ့တဲ့ ဓါတ်ပုံမှတ်တမ်းတွေ PLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 10 Views
ဇွန်လ (၂၀)ရက်။ မနေ့က ပုလဲမြို့နယ်ထဲ စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ ကန့်ဒေါင့်ရဲစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ ဓါတ်ပုံမှတ်တမ်းတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကန့်ဒေါင့်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လ (၂)ရက်နေ့ကစပြီး (၂)ပတ်ကျော်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် မနေ့က
မြန်မာသတင်း

ချင်းလက်နက်ကိုင်အဖွဲ့တွေ စုဖွဲ့ပြီး ဘုံရန်သူကို တိုက်ထုတ်ဖို့ ချင်းအဖွဲ့ (၁၈)ဖွဲ့ ပူးတွဲထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 8 Views
ဇွန်လ (၂၀)ရက်။ ချင်းတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေအားလုံး စည်းလုံးညီညွတ်စွာ စုဖွဲ့ပြီး ဘုံရန်သူကို တိုက်ထုတ်ဖို့ ချင်းလက်နက်ကိုင် (၁၈)ဖွဲ့က မနေ့က ပူးတွဲထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ ချင်းလူမျိုးနဲ့ ပိုင်နက်နယ်မြေတွေကို ခုခံကာကွယ်စောင့်ရှောက်ဖို့နဲ့ ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ချင်းပြည်တည်ဆောက်ရေးအတွက်
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းဗီဒီယို စုစုပေါင်း (၁၁၀၀၀၀)ကျော်ရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 7 Views
ဇွန်လ (၂၀)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းဗီဒီယို စုစုပေါင်း (၁၁၀၁၀၀)အထိ ရရှိခဲ့တယ်လို့ SUU 80th Birthday Campaign ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့ကကျရောက်တဲ့ အမေ့ရဲ့ မွေးနေ့မှာ
မြန်မာသတင်း

ပုလဲမြို့ရှိ စစ်ကောင်စီရဲ့ ကန်ဒေါင့်ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 24 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်မှာ ပုလဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကန်ဒေါင့်ရဲစခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ကန်ဒေါင့်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လ (၂)ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ရာ (၁၈)ရက်မြောက်နေ့ဖြစ်တဲ့ ဒီကနေ့မှာ သိမ်းပိုက်နိုင်ခဲ့တာလို့
မြန်မာသတင်း

ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေပြုလုပ်

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့မှာ စစ်အာဏာရှင်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒေါအောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)က “ SUU 80th” စာသားကိုင်ဆောင်ကာ လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင်တဲ့ ပြည်သူတွေ ကြောက်ရွံ့မှုက လွတ်မြောက်အောင် ကြိုးစားနေတယ်လို့ NUG ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 24 Views
ဇွန်လ (၁၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင် မြင်စေချင်တဲ့ ပြည်သူတွေ ကြောက်ရွံ့မှုက လွတ်မြောက်အောင် လက်တွေ့ ကြိုးစားနေတယ်လို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလက ဒီကနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ဟာ