ရန်ကုန်ရှိ မြို့နယ်အချို့မှာ အာဏာရှင်ဆန့်ကျင်တဲ့ ကလောင်နီလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြ
စက်တင်ဘာလ (၄)ရက်။ ရန်ကုန်မြို့ပေါ်ရှိ မြို့နယ် (၄)ခုက နေရာအချို့မှာ အာဏာရှင်ဆန့်ကျင်တဲ့ ကလောင်နီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု(AJAY)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ပြီး ဧည့်စာရင်းစစ်ဆေးတာတွေ၊ ပေါ်တာဆွဲတာတွေနဲ့ အင်တိုက်အားတိုက်ပြုလုပ်နေတဲ့ ရန်ကုန်မြို့ပေါ်မှာ AJAY နဲ့...









