တော်လှန်ရေးကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချတာမရှိဖို့လိုတယ်လို့ NUG ယာယီသမ္မတပြော
တော်လှန်ရေးကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချတာအပါအဝင် လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ အဖြစ်အပျက်တွေမရှိဖို့ အထူးအလေးထားဖို့လိုတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ အောက်တိုဘာလ (၃)ရက် နံနက်ပိုင်းအချိန်က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ...