မြင်းခြံမြို့က စစ်ကောင်စီရဲစခန်းတစ်ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့
ဧပြီလ (၂၅)ရက်။ ဒီကနေ့ နံနက်ပိုင်းက မြင်းခြံမြို့ရှိ စစ်ကောင်စီရဲ့ ကုက္ကဲရဲစခန်းက စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ကုက္ကဲရဲစခန်းထဲ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အမှတ်(၈၁၅)တပ်ဖွဲ့-PLA(အနောက်မြောက်ဒေသ)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့-PLA စုပေါင်းအင်အား၊...