မတ္တရာမြို့က ဘုန်းကြီးကျောင်းထဲတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတစ်ခု တိုက်ခိုက်သိမ်းပိုက်ခံရ
မေလ (၁၀)ရက်။ ဒီကနေ့ နံနက်(၅)နာရီ (၄၅)မိနစ်အချိန်မှာ မတ္တရာမြို့မြောက်ဘက် (၂)မိုင်အကွာရှိ တောင်တံငါကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအထိုင်စခန်းငယ်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီအထိုင်စခန်းငယ်ကို နံနက်(၅)နာရီအချိန်ကစပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)MDY-PDF က စတင်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကာ...








