နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရဲဘော်တစ်ဦး ဖမ်းဆီးခံရတယ်ဆိုပြီး ပုလဲပသုံးလုံးဖွဲ့က ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ကို စွတ်စွဲ၊ ဖမ်းဆီးခံရတယ်ဆိုတဲ့ ရဲဘော်အလောင်းကို ပုလဲမြိုနယ်-ပအဖအိမ်မှာ တွေ့ရှိခဲ့

မေလ (၂၅)ရက်။

မေလ (၂၃) ရက်နေ့ နေ့လယ် (၃) နာရီခန့်က ပုလဲမြိုနယ်-ပလဖရဲ့ ရဲဘော်ပုလဲမောင်ကို ဖမ်းဆီးသွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုလဲပသုံးလုံးက တာ၀န်ရှိသူတွေဟာ ဒေါင်းညိုပျောက်ကြားအဖွဲကို စွတ်စွဲဖမ်းဆီးတာတွေပြုလုပ်ခဲ့တယ်လို မြေပြင်တော်လှန်ရေးခေါင်းဆောင်တစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“မေလ (၂၃)ရက် နေ့လယ် (၃) နာရီလောက်မှာ ပုလဲ-ပလဖရဲ့ ရဲဘော်ပုလဲမောင်ကို ဒေါင်းညိုတိုက ဖမ်းသွားတယ်ဆိုပြီး ပကဖ၊ ပလဖနဲ့ ပအဖအဖွဲတွေက စွတ်စွဲတာ၊ ပြီးတော့ ညှိနှိင်းမယ်လိုခေါ်ပြီး ဒေါင်းညိုကို ခေါ်ယူခဲ့တာ၊ ဒေါင်းညိုဘက်ကလဲ ဖမ်းသွားတာမဟုတ်ဘူးဆိုပြီး ငြင်းတော့ နှစ်ဖက်တင်းမာတာတွေရှိခဲ့တယ်”လို သူက ဆိုပါတယ်။

ပုလဲ-ပလဖရဲ့ ရဲဘော် ပုလဲမောင်ကို ဖမ်းဆီးသွားတယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ပြန်လွှတ်ပေးဖို ပုလဲတရားရေး ကိုဇာနည်တိုနဲ့ ပသုံးလုံးက ဒေါင်းညိုနဲ့ တွေ့ဆုံညှိနှိင်းခဲ့‌ပေမယ့် ငြင်းဆန်တာကြောင့် ဒေါင်းညိုကို ဖမ်းဆီးထားမယ်လို့ ပြောဆိုတယ်လို့ သိရပါတယ်။

ဒေါင်းညိုပျောက်ကြားအဖွဲဟာ BNRA ရဲ့ လက်အောက်ခံဖြစ်တဲ့အတွက် ဒေါင်းညိုအဖွဲခေါင်းဆောင် ဖမ်းဆီးခံရတာကို BNRA အတွင်းရေးမှူးက ပသုံးလုံးကတာဝန်ရှိသူတွေနဲ့ သွားရောက်ညှိနှိင်းကာ ဖမ်းဆီးခံရတယ်ဆိုတဲ့ ပလဖရဲဘော် ပုလဲမောင်ကို ရှာတွေ့ပါက ပြန်လည်အပ်နှံသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

“ပသုံးလုံးဘက်ကလဲ ပုလဲမောင်ကို ပြန်မလွှတ်ပေးရင် ဒေါင်းညိုကို ပြန်မလွှတ်ပေးဘူးလိုပြောတယ်၊ အဲ့ဒါကြောင့် BNRA တာဝန်ခံ ကိုဖြိုးက တွေ့အောင်ရှာပေးပြီး ပြန်အပ်မယ်လို ကတိပေးခဲ့တယ်၊ အခုတော့ ဒေါင်းညိုလဲ ပြန်လွတ်လာပြီ”လို အထက်ပါပုဂ္ဂိုလ်က ထပ်မံပြောပါတယ်။

မေလ (၂၄) ရက်နေ့ ညနေပိုင်းမှာတော့ ပလဖရဲဘော် ပုလဲမောင်ရဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းကို ပအဖ ကိုဇော်ထက်အိမ်ရဲ့ မြေအောက်ခန်းထဲကနေ ပြန်လည်ရှာတွေ့ခဲ့ကာ ဘယ်လိုကြောင့် သေဆုံးတယ်ဆိုတာကို ဆေးစစ်ချက်ယူကာ စုံစမ်းနေတယ်လို သိရပါတယ်။

အခုလို တော်လှန်ရေးရဲဘော်အချင်းချင်းကြား အပြန်အလှန် ဖမ်းဆီးနေကြပြီး ဘုံရန်သူကို အခွင့်အရေးရရှိတဲ့အချိန်မှာ မနှိမ်နင်းနိုင်တာနဲ့ ပြည်သူတွေကို မကာကွယ်နိုင်တာကြောင့် ဒေသခံပြည်သူတွေက စိတ်ပျက်နေကြပါတယ်။

မေလ (၂၄)ရက်နေ့က ပုလဲနယ်ရှိ ကန်ဒေါင့်ရွာမှာ စစ်ကောင်စီတပ်ဖွဲ၀င်တွေဟာ အပြင်ထွက်လာချိန် သူတိုမိုင်းသူတိုနင်းမိပြီး (၅)ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကာ အင်မထီးရွာက ပျူစောထီးတွေက ဆေးကုသဖို ပြန်ခေါ်သွားခဲ့တယ်လို ဆိုပါတယ်။

ဒါ့ပြင် မေလ (၂၃)ရက်နေ့ကလဲ အင်မထီးရွာက ပျူစောထီးတွေဟာ အနောက်တောင်ဘက်ကိုထွက်လာပြီး ရွာသစ်ရွာဘက်မှာ ယာထွန်နေတဲ့ အရပ်သားပြည်သူတွေကို အနိုင်ကျင့်ကာ နွား (၁၆) ကောင်နဲ့ ပြည်သူတွေကို ဖမ်းဆီးသွားခဲ့ကြတယ်လို သိရပါတယ်။

ဓာတ်ပုံ။

ပုလဲရဲဘော်မောင်ကို ဖမ်းဆီးသွားတယ်လို့ စွတ်စွဲခံရတဲ့ BNRA လက်အောက်ခံ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုဒေါင်းညို

++++++++++++++++++++

သတင်းအချက်အလက်။

ပုလဲမြို့နယ်အခြေစိုက် သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ဟာ BNRA က လက်နက်ထောက်ပံ့ပေးတာကြောင့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA နဲ့ ပူးပေါင်းလိုက်တယ်လို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့က ဒီနှစ်ဖေဖော်ဝါရီလက ပြောဆိုထားပါတယ်။

သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ တည်ထောင်ခဲ့တာဟာ ၃ နှစ်ပြည့်သွားပြီဖြစ်ပြီး သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ တပ်ရင်းစာရင်းတင်ပေးထားပေမယ့် တပ်ရင်းမကျသေးတဲ့ ဒေသကာကွယ်ရေးတပ်ရင်းတစ်ခုလည်း ဖြစ်ပါတယ်။

BNRA က ဇန်နဝါရီ ၃၀ ရက်နေ့က လက်နက်တချို့ ချပေးခဲ့တာကြောင့် သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ဟာ BNRA နဲ့ ပူးပေါင်းပြီး အာဏာရှင်တွေကို တော်လှန်တိုက်ခိုက်သွားမယ်လို့ ပြောဆိုထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 132 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 117 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 100 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 81 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 75 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို