ကောလင်းမြို့အရှေ့ခြမ်းမှာ အချက်(၃)ချက်တောင်းဆိုတဲ့ လူထုဆန္ဒထုတ်ဖော်ပွဲပြုလုပ်ခဲ့
မေလ (၄)ရက်။ မနေ့က စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အရှေ့ခြမ်းရှိ ဒေသခံတွေက လျှပ်စစ်မီးမဖြတ်တောက်ဖို့အပါအ၀င် အချက်(၃)ချက်တောင်းဆိုတဲ့ လူထုဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ အဲ့ဒီလူထုဆန္ဒထုတ်ဖော်ပွဲမှာ အခုစစ်ရေးအရ လျှပ်စစ်မီးဖြတ်တောက်ဖို့ မလိုအပ်သေးတဲ့အတွက် လျှပ်စစ်မီးကို မဖြတ်တောက်ဖို့၊ ပြည်သူတင်မြှောက်ထားတဲ့ တာ၀န်ခံကို သက်ဆိုင်ရာဌာနနဲ့...









