ကောလင်းမြို့မှာ NUG နွေဦးဖွံ့ဖြိုးရေးဘဏ်ရဲ့ ပထမဆုံးမြေပြင်ဘဏ်ခွဲ မကြာမီဖွင့်လှစ်မည်
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်၊ ခေတ်မျက်လုံး။ သိမ်းပိုက်ရရှိထားတဲ့ ကောလင်းမြို့မှာ ပထမဆုံးမြေပြင်ဘဏ်ခွဲအနေနဲ့ NUG ရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ်ခွဲကို မကြာမီဖွင့်လှစ်မှာဖြစ်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ဒစ်ဂျစ်တယ်ဘဏ်ဖြစ်တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ်...








