ရွှေကျင်မြို့မှာ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးကြောင့် နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့
ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်က ဝိုင်းကျွန်းရွာထဲ စက်တင်ဘာလ (၂၆) ရက်နေ့က စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် နေအိမ် (၄) လုံး ပျက်စီးခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝိုင်းကျွန်းရွာထဲကို စစ်ကောင်စီတပ်တွေဖြစ်တဲ့ ခမရ...








