ချင်းပြည်ကောင်စီက ချင်းပြည်အစိုးရ ဖွဲ့စည်း
ဖေဖော်ဝါရီလ (၂) ရက်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ ချင်းပြည်ကောင်စီ (Chinland Council) က ချင်းပြည်အစိုးရ ဖွဲ့လိုက်ကြောင်း ကြေညာလိုက်ပါတယ်။ ချင်းပြည်ကောင်စီကို ချင်းအမျိုးသားတပ်ဦး (CNF) က ဦးဆောင်ပြီး...








