တန့်ဆည်မြို့ပေါ်က တပ်စခန်းတွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်တာတွေပြုလုပ်ခဲ့
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်က စစ်တပ်စခန်းအချို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ဒီကနေ့ စက်တင်ဘာလ (၂၂) ရက် နံနက် (၁) နာရီဝန်းကျင်ခန့်က တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်က အထိုင်ချတပ်စွဲထားတဲ့...









