နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်က (၂)ရက်အတွင်း လက်နက်ကြီး (၆၄)လုံးပစ်ခတ်ခဲ့

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်၊ ခေတ်မျက်လုံး။

ညောင်လေးပင်ခရိုင်ထဲမှာ (၂) ရက်အတွင်း စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီး (၆၄)လုံးပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ အောက်တိုဘာ (၂၄)ရက်က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်ခရိုင်) မှာ (၂)ရက်အတွင်း စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားကာ လက်နက်ကြီး (၆၄) လုံးအပါအဝင် လေကြောင်း (၇) ကြိမ်နဲ့ စနိုက်ပါနဲ့ (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ (၃) ဦးနဲ့ နွား (၂) ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁) လုံး၊ ဘုန်းကြီးကျောင်း (၂) ကျောင်း၊ မီးစက် (၁) လုံးနဲ့ ထွန်စက် (၁) စီးအပြင် နွား (၂) ကောင် ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လယ်ဒိုမြို့ရှိ ဖိုတကျေးရွာနဲ့ ခြောက်တဲစုကျေးရွာထဲကို အောက်တိုဘာလ(၂၂)ရက်နေ့ မနက် (၁၁)နာရီကနေ ည(၁၀)နာရီ (၁၇)မိနစ်အထိ စစ်ကောင်စီတပ်ရဲ့ ပိန်းဇလုပ်အခြေစိုက် ခလရ(၂၆၄)က လက်နက်ကြီးစုစုပေါင်း အလုံး(၄၀)ခန့် ပစ်ခတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် နေ့လယ်(၂)နာရီ (၄၀)မိနစ်အချိန်မှာလည်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးက တလိုင်းခင်ရွာအနီးနဲ့ ဖိုးတရွာကို (၅)ကြိမ်နဲ့ ဖိုးတရွာနဲ့ ဒေါင်းမို့ရွာကြားကို (၂)ကြိမ် စက်သေနတ်ကြီးနဲ့ ပစ်ခတ်ခဲ့ကာ ထိခိုက်ပျက်စီးမှုကိုတော့ စစ်ဆေးအတည်ပြုဆဲဖြစ်တယ်လို့ KNU က ပြောပါတယ်။

အောက်တိုဘာလ (၂၃)ရက်နေ့ နံနက်(၈)နာရီကနေ ည(၉)နာရီခွဲအထိ နတ်သံကွင်းနဲ့ ပိန်းဇလုပ်အခြေစိုက်တပ်ရင်း ခလရ(၂၆၄)စခန်းက ကုန်းချောင်းဝနဲ့ အနားဘော်မှာနေပြီး ဖိုးတ၊ တောကြောင်ပေါက်ရွာတွေနဲ့ ဆောထိမြို့က ချုံအင်းရွာကို လက်နက်ကြီးစုစုပေါင်း (၂၀)လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားပြီး အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေတာကြောင့် လယ်ဒိုမြို့၊ နံဇကျေးရွာအုပ်စုရှိ ရွာ(၄)ရွာက ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာရွတ်ဖတ်ခဲ့တဲ့ နိုင်/ကျဉ်းတွေ ရိုက်နှက်တိုက်ပိတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 21 Views
ဇူလိုင်လ (၂)ရက်။ ဇွန်လ (၁၉)ရက်နေ့က မြင်းခြံထောင်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသား‌တွေက ကဗျာရွတ်ဖတ်ခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

လှိုင်သာယာမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးထားသူကို ကယ်ထုတ်သွားတဲ့သူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 15 Views
ဇူလိုင်လ (၂)ရက်။ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံရတဲ့အမျိုးသမီးကို စစ်ကောင်စီရဲတွေဆီကနေ ကယ်ထုတ်သွားသူတွေကို ပြန်ဖမ်းမိတယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 18 Views
ဇူလိုင်လ (၂)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ မနေ့ကပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ သမ္မတ
မြန်မာသတင်း

လှိုင်သာယာမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထားရသူကို လူတစုက စစ်ကောင်စီလက်က ကယ်ထုတ်

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 16 Views
ဇူလိုင်လ (၂)ရက်။ မနေ့က ည (၇)နာရီခွဲအချိန် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထရတဲ့ အမျိုးသမီးတစ်ဦးကို လူတစုက စစ်ကောင်စီလက်ကနေ ကယ်ထုတ်သွားတယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စကစရဲ့ လှိုင်သာယာအရှေ့ပိုင်းရဲစခန်းမှာ ပုဒ်မ-၅၀(ည)နဲ့ ဖမ်းခံထားရတဲ့
မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီက တရက်ထဲ ဗုံး (၁၁)လုံးကြဲချတိုက်ခိုက်၊ ပြည်သူ (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 30 Views
ဇူလိုင်လ (၁)ရက်။ ဒီကနေ့ နေ့လယ် (၃)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ သုံးဆယ်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၁၁)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သုံးဆယ်ရွာကို နေ့လယ် (၃)နာရီ
မြန်မာသတင်း

အိုးဘိုထောင်မှာ နိုင်/ကျဉ်းတွေ ရိုက်နှက်ခံရချိန် ကိုဝေမိုးနိုင် သွေးထွက်လွန်ပြီး သတိမေ့မျောခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 24 Views
ဇူလိုင်လ (၁)ရက်။ မုံရွာထောင်ကနေ မန္တလေးအိုးဘိုထောင်ကို ပြောင်းရွှေ့ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး PPNM က ဒီကနေ့မှာ နောက်ဆက်တွဲ ထပ်မံထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဇွန်လ (၁၂)ရက်နေ့က မုံရွာထောင်ကနေ အိုးဘိုထောင်ကို နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား
မြန်မာသတင်း

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၀)ကျော်အထိ သေဆုံးခဲ့တယ်လို့ AAPP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 33 Views
ဇူလိုင်လ (၁)ရက်။ ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၅)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ အာဏာသိမ်း (၅)နှစ်တာထဲ
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 36 Views
ဇွန်လ (၃၀)ရက်။ မနေ့က ကျောက်မဲမြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးအပါအဝင် စုစုပေါင်း ဗုံး (၈)လုံးအထိ ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က