သပိတ်ကျင်းမှာ စာသင်တဲ့အိမ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ ကလေးငယ်(၁)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရခဲ့
စက်တင်ဘာလ (၈)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်မှာ သပိတ်ကျင်းမြို့ ကျောက်ဖြူရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကမက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ သပိတ်ကျင်းမြို့ ကျောက်ဖြူရွာကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာ။...









