နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်တပ်ရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ရက်ပေါင်း(၅၀၃+)ကြာ ဟန့်တားနိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

စက်တင်ဘာလ (၈)ရက်။

၂၀၂၄ခုနှစ် ဧပြီလ ဒုတိယအပတ်ကစပြီး အခုနှစ် စက်တင်ဘာလ (၅)ရက်အထိ စစ်တပ်ရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ရက်ပေါင်း(၅၀၃+)ကြာ ဟန့်တားနိုင်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်း စတင်တဲ့အချိန်မှာ ကော့ကရိတ်မြို့နဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကာ တော်နော်ရေတံခွန်ကို ရောက်ရှိပြီးနောက် သံချက်ကာယာဉ်တန်းနဲ့ နာရီပိုင်းထဲမှာ မြဝတီကိုရောက်ဖို့ ပြင်ဆင်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒါကြောင့် KNLA ဦးဆောင်တဲ့အဖွဲ့ဟာ မြဝတီတံတား အမှတ်(၂)ကို ထိုးစစ်ဆင်ပြီး ‌အကြောင်းအမျိုးမျိုးကြောင့် တပ်ရုပ်ခဲ့ရကာ စစ်တပ်ရဲ့ အောင်ဇေယျစစ်ဆင်ရေးကို ခုခံဖို့ အင်အားဖြည့်လိုက်ရတယ်လို့ ဖော်ပြထားပါတယ်။

KNU အနေနဲ့ စစ်နည်းဗျူဟာမှာ ခံစစ်ရှင် ပျောက်ကြားကို တလျှောက်လုံး ကျင့်သုံးခဲ့ပေမယ့် စစ်တပ်ရဲ့ ခြေကုပ်စခန်းတွေကို ကွပ်ကဲတဲ့ နည်းဗျူဟာစခန်း (၃)ခု၊ အခြေချစစ်ဗျူဟာစခန်း (၁)ခုနဲ့ တပ်ရင်းဌာနချုပ်စခန်း (၈)ခုအထိကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး အောင်ဇေယျစစ်ကြောင်းအပါအဝင် ကော့ကရိတ်အခြေပြု စကခ(၁၂)နဲ့ တပ်ရင်းဌာနချုပ်အချို့ကိုလဲ ဟန့်တားနိုင်ခဲ့တဲ့အပြင် တချိန်ထဲမှာပဲ တပ်မဟာ(၆)နဲ့ (၇) နယ်မြေထဲက စစ်တပ်ရဲ့ မဆုတ်တမ်းနယ်စပ် ခြေကုပ်စခန်းပေါင်း (၁၈)ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်တပ်ဟာ နိုင်ငံတကာမျက်နှာစာမှာ နိုင်ငံရေးဂုဏ်သိက္ခာဆယ်ဖို့ အာရှလမ်းမတခုကိုသာ အာရုံစိုက်နေရပြီး စစ်သားမလုံလောက်တာကြောင့် စစ်မှုထမ်းတပ်သားတွေကို အစားထိုးကာ ဆေးတိုက်ကြွေးကာ ဒိုင်းအနေနဲ့ အသုံးချ အဓမ္မမောင်းတင်ခဲ့တယ်လို့ KNU က ပြောဆိုထားပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးနီးပါးဟာ ဆေးအာနိသင်မပျယ်ဘဲ ရက်သတ္တပတ်ကြာတဲ့အထိ အသိစိတ်ပျောက်ကာ စစ်တပ်က စက်ရုပ်လိုမျိုး မောင်းတင်ပြီး လက်နက်ကြီး၊ အမြောက်၊ မစ်ဇိုင်းဒုန်းကျည်၊ ဒရုန်းအပြင် လေကြောင်းပစ်ကူ သာလွန်လက်နက်နဲ့ တပ်ရဲ့ အရင်းအမြစ်အားလုံးကို ထုတ်သုံးခဲ့တယ်လို့ သိရပါတယ်။

တနိုင်ငံလုံးရှိ မြေထုအပါအဝင် သယံဇာတအရင်းအမြစ်နဲ့ နှစ်ပေါင်း (၇၀)ကျော် စိတ်ကြိုက်စီမံပြီး နိုင်ငံရဲ့ လိုအပ်တာတွေ ပံ့ပိုးမှုရထားတဲ့ စစ်တပ်ကို ဘယ်နိုင်ငံတွေဆီကမှ အကူအညီမရတဲ့ KNLA က နိုင်ငံအဆင့် စစ်ဆင်ရေးထိုးစစ်ကို ဟန့်တားနိုင်ခဲ့ဟာ စစ်အောင်နိုင်တဲ့ အမှတ်သင်္ကေတတခုလို့ ဆိုပါတယ်။

အဲ့ဒီအတွက် အာရှလမ်းမကြီးစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ KNLA၊ KNDO၊ PDF၊ MLA တက်ဖွဲ့ဝင်တွေနဲ့ အခြားတပ်ဖွဲ့ဝင်တွေကို KNU က ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 140 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 123 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 113 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 87 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို