မုံရွာရှိ MRTV အသံလွှင့်တာဝါတိုင်ကုန်းစခန်းကို သိမ်းပိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန်
ဖေဖော်ဝါရီလ (၂၇)ရက်။ မနေ့က နံနက်ပိုင်းအချိန်က မုံရွာမြို့ ခတက္ကန်ရွာ အရှေ့ဘက်ရှိ MRTV အသံလွှင့်တာဝါတိုင်ကုန်းစခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ MRTV အသံလွှင့်တာဝါတိုင်ကုန်း(ဗောဓိတထောင်)စခန်းမှာ ရဲအင်အား (၁၇)ဦး အခြေချထားပြီး...