မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက် ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ဒဏ်ရာရသူတွေထဲ (၂)ဦးထပ်မံသေဆုံး
ဩဂုတ်လ (၂၈)ရက်။ မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်မှာ စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ ဆေးကုသနေရတဲ့ ပြင်းထန်ဒဏ်ရာရသူ (၂)ဦး ထပ်မံသေဆုံးခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ဒဏ်ရာရသူတွေထဲ ထပ်မံသေဆုံးခဲ့သူ (၂)ဦးဟာ...









