နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒီမိုကရက်တစ်ဦးဆောင်သောမြို့များတွင် ထရန့်က အမျိုးသားအစောင့်တပ် ဖြန့်ကျက်ထား ခြင်းသည်နိုင်ငံရေးအရဆောင်ရွက်ခြင်း မဟုတ်ကြောင်း ဘာဂန်(Burgum) မှပြောသည်။- ‘သူကဘယ်သူ့ကိုမှပစ်မှတ်မထားပါဘူး’

CNN- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၂၇ရက်

နိုင်ငံတဝှမ်းရှိ ဒီမိုကရက်တစ်ဦးဆောင်သောမြို့များတွင် သမ္မတ ဒေါ်နယ်ထရန့် ၏ အမျိုးသားအစောင့်တပ်ဖြန့်ကျက်ချထားခြင်းသည် နိုင်ငံရေးအရ လှုံ့ဆော်မှုမဟုတ်ကြောင်း CNN ၏ ကေတလင်ကောလင်း နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြည်ထဲရေးဝန်ကြီး ဒေါက်ဘာဂန် (Doug Burgum) က ရီပတ်ဘလစ်ကန်သမ္မတက “ဘာကိုမှ ပစ်မှတ်မထား ပါဘူး” ဟု ပြောကြားခဲ့ပါသည်။

“ကျွန်တော်ကသမတနဲ့သဘောချင်းဆိုင်ပါတယ် သူက အကယ်၍ဒီအစိုးရဟာ ရာဇဝတ်မှုတွေကို ဆန့်ကျင်နေတယ်ဆိုရင် ဒါနဲ့ဆန့်ကျင်ဖက်ရပ်တည်ချက်ကဘာလဲ? ရာဇဝတ်မှုတွေကိုအားပေးနေတာပဲပေါ့ ။ ဒါဆိုရင်မင်းကရာဇဝတ်မှုလုပ်မှာလား? ဒါကြောင့်ကျွန်တော့်အနေနဲ့ ဒါဟာနှစ်ဖက်သဘောထားညှိဖို့မဟုတ် ဘူး” လို့ ဘာဂန်ကိုဆိုသည်။

“ဒီနိုင်ငံရဲ့ ထိပ်တန်းမြို့ကြီး၂၀ သို့မဟုတ် ၂၅ မြို့ကို ကြည့်လိုက်တဲ့အခါ အားလုံးနီးပါးဟာ ရာဇ၀တ်မှုဆိုင်ရာ ပြဿနာတွေဖြစ်ပြီး အားလုံးနီးပါးကို ပါတီတစ်ခုက ဦးဆောင် နေ တာ သိကြပါတယ်၊ ဒါကြောင့် ဒါက ပါတီစွဲကိစ္စမဟုတ်ဘူးလို့ သူက ဆက်ပြော ခဲ့သည်။

ထရမ့်သည် ယခုနှစ်အတွင်း လော့စ်အိန်ဂျလိစ်နှင့် ဝါရှင်တန်ဒီစီတို့တွင် ဒေသခံဒီမိုကရက်များ ဆန္ဒပြမှုများကြောင့် အမျိုးသားအစောင့်တပ်ကို တပ်ဖြန့်ထားပြီး ရှီကာဂိုတွင်လည်း အလားတူလုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်း ကြေးနန်းပေးပို့ထားသည်။ အီလီနွိုက်ပြည်နယ် ဒီမိုကရက်တစ်အုပ်ချုပ်ရေးအဖွဲ့ဂျေဘီ ပရစ်ဇကာ( JB Pritzker) က တနင်္လာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရန် ကို “ဒီမှာ မလိုချင်သလို ဒီမှာရှိဖို့မလိုအပ်ပါဘူး” လို့ ပြောခဲ့သည်။

ရာဇဝတ်မှုများပြားသည်ဟုအကြောင်းပြချက်ဖြင့် သမတအမိန့်ဖြင့် ဝါရှင်တန်ဒီစီသို့ သူတို့ပြည်နယ်မှ အမျိုးသားအစောင့်တပ်များကို ရီပတ်ဘလီကန် အုပ်ချုပ်ရေးမှူးများက ပို့ပေးသည့် ပြည်နယ်များတွင် အနည်းဆုံး မြို့ ၁၀ မြို့သည် ပြီးခဲ့သည့်နှစ်က မြို့တော် ဝါရှင်တန် ဒီစီ ထက် အကြမ်းဖက်ရာဇ၀တ်မှု သို့မဟုတ် လူသတ်မှုနှုန်း ပိုများနေကြောင်း CNN ၏ FBI ဒေတာသုံးသပ်ချက်အရ သိရသည်။

အင်္ဂါနေ့အစောပိုင်းက အိမ်ဖြူတော်တွင် မာရသွန် ကက်ဘိနက်အစည်းအဝေးတစ်ခုအတွင်း နိုင်ငံများ၏ အုပ်ချုပ်ရေးမှူးများက ရာဇ၀တ်မှုဖြေရှင်းရန် ၎င်းတို့၏မြို့များအတွင်းသို့ အစောင့်တပ်များကို ဖိတ်မည်ဆိုပါက သူ့အနေနှင့် “နှစ်သက်” ကြောင်း ထရန့် အသိအမှတ် ပြု ပြောကြားခဲ့သည်။ ထိုလှုပ်ရှားမှုများကို ဆန့်ကျင်သည့်အတွက် ဒီမိုကရက်များသည် မဲပေးသည့် အချိန်တွင် ပြည်သူ၏ အဆုံးအဖြတ်ကို သိစေလိမ့်မည်ဟု သူက အကြံပြု ထားပါ တယ်။

“ ရာဇ၀တ်မှုတွေက ကြီးမားတဲ့ပြဿနာလို့ ကျွန်တော်ထင်တယ်၊ ငါတို့ ပါတီက၊ ရီပတ်ဘလီကန်တွေက ရာဇ၀တ်မှုတွေကို ရပ်တန့်ချင်တဲ့ ပါတီဖြစ်တယ် ၊ ရာဇ၀တ်မှုတွေကို ဆန့်ကျင်တဲ့ ပါတီဖြစ်တယ်။ ဒီမိုကရက်တွေက ရာဇဝတ်မှုတွေကို ကြိုက်တယ်။ ဘာကြောင့်လဲဆိုတာ ငါမသိဘူး” ဟု ထရန့် က ပြောကြားခဲ့သည်။
ဘာဂန်ကထရန့် သည် ဒီမိုကရက်တစ်မြူနီစီပယ်ဒေသများကိုသာ ပစ်မှတ်ထား လုပ်ဆောင် နေသည် ဟူသောအယူအဆကို ဆန့်ကျင်ခဲ့သည်။

“ သူက ဘာကိုမှ ပစ်မှတ်မထားပါဘူး၊ အခြေခံအားဖြင့် ရိုးရိုးရှင်းရှင်းပဲ၊ ‘ဟေး၊ မင်းမှာ ပြဿနာရှိရင် မင်းသိပါတယ် ငါ့ ဖုန်းဆက်ခေါ်လိုက် ပါ၊ ငါတို့ကလာ‌ရောက် ကူညီမှာပါ” ဟု ကမ်းလှမ်းခဲ့သည်။

ထရန့် သည် ရာဇ၀တ်မှု နှိမ်နင်းရေး ချဲ့ထွင်ရန် ကြိုးပမ်းနေချိန်တွင် တာဝန်ရှိသူများက ချီကာဂိုသို့ အမျိုးသားအစောင့်တပ်များ စေလွှတ်ရန် ရက်သတ္တပတ်များစွာ စီစဉ်နေခဲ့သည်။

အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းရှိ မြို့ကြီးများတွင် လူဝင်မှုကြီးကြပ်ရေး အစီအစဉ်ကို ချဲ့ထွင်ရန် သမ္မတ ‌ဒေါ်နယ်ထရန့် က ကြိုးပမ်းနေစဉ် အတွင်’ ချီကာဂိုသို့ အမျိုးသား အစောင့်တပ်ကို စေလွှတ်ရန် သီတင်းပတ်များကြာ စီစဉ်နေပြီဖြစ်ကြောင်း အရာရှိနှစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

ချီကာဂိုသို့ တပ်ဖွဲ့ဝင်မည်မျှ စေလွှတ်မည် သို့မဟုတ် မည်သည့်အချိန်တွင် စတင်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ထရန့်သည်သောကြာနေ့တွင် ဘဲဥပုံရုံးခန်း တွင်ထိုအစီအမံများကိုကြိုတင်ကြည့်ရှုပြီး ” ချီကာဂို သည် ကျွန်ုပ်တို့၏နောက်ထပ်ပစ်မှတ် ဖြစ်လိမ့်မည်ထင်တယ် အဲဒီနောက် နယူးယောက်ကို ကူညီရလိမ့်မယ်” ဟုပြောခဲ့သည်။
ဒီမိုကရက်တစ်တစ်ဦးဖြစ်သည့် ချီကာဂိုမြို့တော်ဝန် ဘရန်ဒန်ဂျွန်ဆင်က တပ်ဖြန့်ချထားခြင်း သို့မဟုတ် တိုးမြှင့်ချထားခြင်းနှင့်ပတ်သက်၍ အိမ်ဖြူတော်ထံမှ သတင်း ကြားသိရခြင်း မရှိကြောင်းနှင့် အဆိုပါလုပ်ရပ်သည် “တောင်းဆိုခြင်းမရှိဘဲ” လုပ်ဆောင်မှုဖြစ်ပြီး “တရားမ၀င်” ကြောင်း ပြောကြားခဲ့သည်။

“ချီကာဂိုမှာ ရာဇ၀တ်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို လျှော့ချရာမှာ ဖက်ဒရယ်အစိုးရအနေနဲ့ ကျွန်တော်တို့ကို ကူညီပေးနိုင်တဲ့အရာတွေ အများကြီးရှိပါတယ်၊ ဒါပေမယ့် စစ်တပ်ကို စေလွှတ်တာဟာ အဲဒီထဲက တစ်ခုမဟုတ်ပါဘူး” ဟု ဂျွန်ဆင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျွန်ဆင်က တနင်္ဂနွေနေ့တွင် MSNBC သို့ ပြောကြားရာတွင် ထရန့်သည် မြို့ထဲသို့ တပ်ဖွဲ့ဝင်များစေလွှတ်ပါက မြို့တော်က တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ “ ဤမြို့မှလူများသည် အာဏာရှင်ကို ဆန့်ကျင်ထကြွလေ့ရှိကြသည်” ဟု ပြောကြားခဲ့သည်။

“ဒီအချိန်မှာ သူတင်ပြနေတာက ၂၁ ရာစုမှာ ကျွန်ုပ်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အထင်ရှားဆုံးချိုးဖောက်မှုပါပဲ။ ချီကာဂိုမြို့ကို စစ်တပ်က သိမ်းပိုက်ဖို့ မလိုအပ်ပါဘူး” ဟု ဂျွန်ဆင်က ပြောကြားခဲ့သည်။ “ အဲဒါက ငါတို့လိုအပ်တာမဟုတ်ဘူး။ တကယ်တော့၊ ငါတို့လိုအပ်တာနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိထားပြီးသားပါ။ ဘေးကင်းပြီး စားဝတ်နေရေးပြေလည်နိုင်တဲ့ အသိုက်အဝန်းကို တည်ဆောက်နိုင်စေဖို့ လူတွေအ‌ပေါ်မှာ ရင်းနှီးမြုပ်နှံပေးဖို့ လိုပါတယ်။”

မှတ်ချက်ပေးရန် တောင်းဆိုသောအခါ၊ စနေနေ့တွင် အိမ်ဖြူတော်မှ ထရန့် ၏ဘဲဥပုံရုံးခန်း တွင် တစ်ရက်စောပြောကြားခဲ့ သော မှတ်ချက်ကို ကိုးကား၍ CNN သို့ပေးခဲ့သည်။ ချီကာဂိုမြို့တော်ဝန်အား မြို့တော်တွင် ရာဇဝတ်မှု ဖြိုခွင်းမှုဆီသို့ “ခိုင်မာသောခြေလှမ်းများ” လှမ်းခဲ့သလားဟု သတင်းထောက်တစ်ဦးမှ မေးမြန်းသောအခါ သမ္မတက ချီကာဂို မြို့တော်ဝန်နှင့် စကားမပြောခဲ့ကြောင်း သောကြာနေ့က ပြောကြားခဲ့သည်။

ပင်တဂွန်စစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNN သို့ ပြောကြားရာတွင် “ နောက်ထပ် လုပ်ငန်းဆောင်ရွက်မှုတွေအပေါ် ကျွန်တော်တို့က ထင်မြင်ချက်ပေးမှာ မဟုတ်ပါဘူး။ ဒီဌာနဟာ အစီအစဉ်ဆွဲတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဖက်ဒရယ်ပိုင်ဆိုင်မှုနဲ့ ဝန်ထမ်းတွေကို အကာအကွယ်ပေးမယ့် အစီအစဉ်တွေအတွက် အခြားအေဂျင်စီ လုပ်ဖော် ကိုင်ဖက်တွေနဲ့ စဉ်ဆက်မပြတ် လုပ်ဆောင်နေပါတယ်။”

အီလီနွိုက်ပြည်နယ် အုပ်ချုပ်ရေးမှူး JB Pritzker က ဖက်ဒရယ်အစိုးရထံမှ မကြားသိရ သေးကြောင်းနှင့် အကူအညီပေးရန် အီလီနွိုက်ပြည်နယ်မှ ဖက်ဒရယ်အစိုးရထံ တောင်းဆိုမှု များ မပြုလုပ်ခဲ့ကြောင်း စနေနေ့က ထုတ်ပြန်ခဲ့သည်။

“အီလီနွိုက်စ်ပြည်သူတွေရဲ့ ဘေးကင်းရေးဟာ အမြဲတမ်း ကျွန်တော့်ရဲ့ အဓိက ဦးစားပေး ဖြစ်ပါတယ်။ အမေရိကန် သမ္မတက အီလီနွိုက်စ် အမျိုးသား အစောင့်တပ်ဖွဲ့ကို ဖက်ဒရယ်တပ်အဖြစ်ပြောင်းလဲပြီး၊ အခြားပြည်နယ်များမှ အမျိုးသားအစောင့်တပ်များ ကိုလာရောက် ချထားပေးခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ နယ်နိမိတ်အတွင်း လက်ရှိ တာဝန်ထမ်းဆောင်နေသော စစ်တပ်ကို စေလွှတ်ရန်တာဝန်ပေးခွင့်ပြုထားခြင်း မရှိပါ။

အဆိုပါ အစီအစဉ်များသည် အမေရိကန်နယ်စပ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များအတွက် စစ်တပ်ကို အသုံးပြုရန် ထရန့် အုပ်ချုပ်ရေး၏ ပုံမှန်မဟုတ်သော အားထုတ်မှုများနှင့် ကိုက်ညီနေပါသည်။
Washington Post မှ ပထမဆုံး အစီရင်ခံသည့် ချီကာဂိုရှိ အုပ်ချုပ်ရေး၏ အလားအလာရှိသော လှုပ်ရှားမှုများသည် ဥပဒေစိုးမိုးရေး ဖြိုခွင်းမှုမှ ကွဲပြားလိမ့်မည်

ယင်းအစား၊ ချီကာဂိုတွင် အပါအဝင် အုပ်ချုပ်ရေးအဖွဲ့၏ အနာဂတ်အစီအစဉ်များသည် ယခုနွေရာသီအစောပိုင်းတွင် လော့စ်အိန်ဂျလိစ်တွင် လူဝင်မှုကြီးကြပ်ရေးဆန္ဒပြမှုများကို နှိမ်နင်းရန်အတွက် ထရန့် ၏ အမျိုးသားအစောင့်တပ်ချထားပုံနှင့်တူသည်ဟု သတင်းရင်းမြစ် များက CNN သို့ ပြောကြားခဲ့သည်။

ဇွန်လတွင် ထရန့် သည် ကယ်လီဖိုးနီးယားဒီမိုကရက်တစ်အုပ်ချုပ်ရေးမှူး ဂဲဗင်နယူးဆမ် (Gavin Newsom) ၏ကန့်ကွက်မှုကြောင့် လော့စ်အိန်ဂျလိစ်သို့ တာဝန်ထမ်းဆောင်နေသော မရိန်းတပ်သား ၇၀၀ နှင့် အမျိုးသားအစောင့်တပ်သား ၄၀၀၀ ခန့်စေလွှတ်ရန် အမေရိကန်နိုင်ငံဥပဒေ (US Code) ၏ ခေါင်းစဥ် ၁၀(Title 10) ကို ဆွဲကိုင်ခဲ့သည်။ ခေါင်းစဉ် ၁၀ သည် သမ္မတအား ကျူးကျော်မှုအား တွန်းလှန်ရန်၊ ပုန်ကန်မှုကို နှိမ်နှင်းရန် သို့မဟုတ် ဥပဒေများအတိုင်း လုပ်ဆောင်ရန် လိုအပ်သလို နိုင်ငံတော် အစောင့်တပ်အား ဖြန့်ကျက် ထားရန် ခွင့်ပြုထားသည် ဆိုလိုသည်မှာ အမျိုးသား အစောင့်တပ် သည် အုပ်ချုပ်ရေးမှူးထက် သမ္မတအမိန်ကိုနာခံ တင်ပြခြင်း ဖြစ်သည်။

ကယ်လီဖိုးနီးယားတွင် ထရန့် ၏ အမျိုးသားအစောင့်တပ်ဖြန့်မှု၏ တရားဝင်မှုကို တရားရုံးစနစ်ကတဆင့် တရားစွဲမှုပြီး ချက်ချင်းဆိုသလို စိန်ခေါ်ခဲ့သည်။
သို့သော်လည်း ထရန့် သည် အဆိုပါလှုပ်ရှားမှုကို လုံးဝမအောင်မြင်မှုအဖြစ် သရော်ခဲ့သည်။ “စစ်တပ်မရှိရင် လော့စ်အိန်ဂျလိစ်မှာ နှစ်ပေါင်းများစွာ မတွေ့ဖူးတဲ့ ရာဇ၀တ်မှုခင်းတစ်ခု ဖြစ်လာမှာပါ” ဟု ဇွန်လတွင် ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။

အမျိုးသားအစောင့်တပ်ကဲ့သို့သော ပြည်ထောင်စုအာဏာပိုင်များသည် သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေး သို့မဟုတ် လူထုမငြိမ်မသက်မှုများတွင် နိုင်ငံတစ်ဝှမ်း အရေးပေါ် အခြေအနေများတွင် ကူညီဆောင်ရွက်ပေးခြင်းသည် အဆန်းမဟုတ်ပါ။ သို့သော် ရာဇ၀တ်မှု များကို နှိမ်နင်းရန်နှင့် ထရန့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အကောင်အထည် ဖော်ရန် အမျိုးသားအစောင့်တပ်သို့ စေလွှတ်ခြင်းသည် မကြုံစဖူးပင်ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

အုပ်ချုပ်ရေးသည် တောင်ပိုင်းနယ်စပ်တွင်သာမဟုတ်ဘဲ အမေရိကန်အတွင်း လူဝင်မှု ကြီးကြပ်ရေး အစီအစဉ်ကို ချဲ့ထွင်ရန် ကြိုးပမ်းနေချိန်တွင် ၎င်းသည် အမေရိကန် စစ်တပ် အပါအဝင် အေဂျင်စီများစွာမှ ပုဂ္ဂိုလ်များကို ခေါ်ယူခြင်းဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ကြိုးပမ်းခဲ့သည်။

ဖက်ဒရယ်အေးဂျင့်များအတွက် တပ်ဖွဲ့ဝင်များကို အကာအကွယ်အဖြစ် အသိအမှတ်ပြု ပြည်နယ်များမှ တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအား စည်းရုံးပုံနှင့် ရီပတ်ဘလစ်ကန် ဦးဆောင်သော ပြည်နယ်များမှ အမျိုးသားအစောင့်တပ်ဖွဲ့များကို သဘောတူညီချက်မရှိသောပြည်နယ်များတွင် အသုံးပြုနိုင်မည်ကို ပြည်တွင်းဆွေးနွေးမှု များတွင် ထည့်သွင်းထားကြောင်း CNN မှ ယခင်က ဖော်ပြခဲ့သည်။
.
ရှေ့နေချုပ် ပမ်းဘွန်ဒီက နိုင်ငံအနှံ့ရှိ ပြည်နယ်များနှင့်မြို့ကြီးများတွင် ဖက်ဒရယ် လူဝင်မှုကြီးကြပ်ရေး ကြပ်မတ်ရေးတွင် ဒေသဆိုင်ရာ အရာရှိများကို ကူညီခြင်း မပြုရန် ကန့်သတ်ထားခြင်းကိုပယ်ဖျက်ပြီးပါဝင်ဆောင်ရွက်ရန် ရှင်းလင်းစွာသိစေပြီးထိုအချက်သည် အမျိုးသားအစောင့်တပ်ဖွဲ့များကိုလည်းအကြုံးဝင်သည်ဟုထည့်လာနိုင်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
သို့သော်လည်း ဒီမိုကရက်တစ် အုပ်ချုပ်ရေးမှူးများနှင့် မြို့တော်ဝန်များက ပြန်လည်ဆန့်ကျင် နေကြသည်။

“ မင်းရဲ့အုပ်ချုပ်ရေးမအောင်မြင်မှုတွေကို ဖုံးကွယ်ဖို့ ငါတို့မြို့တွေကို တိုက်ခိုက်တာကို ရပ်လိုက်ပါ” လို့ ဘော့စတွန်မြို့တော်ဝန် ဒီမိုကရက်တစ်တစ်ဦးဖြစ်တဲ့ မစ်ရှယ် ဝူ(Michelle Wu) က ဘွန်ဒီ ဆီမှ စာတစ်စောင်ကိုတုံ့ပြန်၍ ယခုသီတင်းပတ်အစောပိုင်းမှာ ပြောကြားခဲ့ပါသည်။

ပြည်ထဲရေးဝန်ကြီး ဒေါက်ဘာဂန် (Doug Burgum) (ပုံ-၁)

လော့စ်အိမ်ဂျယ်လစ် အမျိုးသားအစောင့်တပ် သားများ (ပုံ -၂)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 37 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 41 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 42 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 41 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 34 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 32 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 34 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 32 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ