ညောင်ဦးမှာ နှစ်ရက်တာတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၅)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့
ဧပြီလ (၃၀)ရက်။ ဧပြီလ (၂၇)ရက်နဲ့ (၂၈)ရက်တို့မှာ ညောင်ဦးခရိုင်ထဲ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့အကြား နှစ်ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ Popa Guerilla Force(PGF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧပြီလ (၂၆)ရက်နေ့က ညောင်ဦးခရိုင်...









