ရန်ကုန်မြို့လယ် ဆူးလေမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ်ပြုလုပ်
အောက်တိုဘာလ (၃၁)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့လယ်ခေါင်ရှိ ဆူးလေမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ်ကို ရန်ကုန်လူထုသပိတ်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုအနေနဲ့ ဓါတ်ပုံဘောင်ကိုသုံးပြီး “ ကြောက်ခတ်ကိုမှောက်ပစ်” ကြွေးကြော်သံနဲ့အတူ ပြည်သူလူထုကို တော်လှန်ရေး အသိပေးနှိုးဆော်တာလို့...