နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

နေပြည်တော်တိုင်းစစ်ဌာန စစ်ကြောင်းမှူးကို ကယန်းပြည်သစ်တပ်မတော်က သတ်ဖြတ်ခဲ့တဲ့အပေါ် ဖြေရှင်းအရေးယူဖို့ တိုက်တွန်းထား

မတ်လ (၁၄)ရက်။

မတ်လ (၃)ရက်နေ့က နေပြည်တော်တိုင်းစစ်ဌာန ပျဉ်းမနားစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကိုကို ကယန်းပြည်သစ်တပ်မတော်က ဖမ်းဆီးသွားခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ပျဉ်းမနားစစ်ကြောင်း စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်းကို ကယန်းပြည်သစ်တပ်မတော်ရဲ့ ဗိုလ်မှူးကြီး သိန်းဟန်နဲ့ တွေ့ဖို့ဆိုပြီး မတ်လ (၃)ရက်နေ့ နေ့လယ်(၁)နာရီက လာရောက်ခေါ်ဆောင်သွားတာ”လို့ ဆိုပါတယ်။

စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်းကို ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး သိန်းဟန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုပြီး ကယန်းပြည်သစ်နယ်မြေ အမှတ်(၆)မြို့နယ် ဒုတပ်မဟာမှူး ဖိုးခွားက လာရောက်ခေါ်ဆောင်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီလို လာရောက်ခေါ်ဆောင်သွားတဲ့အပေါ် နေပြည်တော်တိုင်းစစ်ဌာနက ဖြစ်စဉ်နဲ့ပတ်သက်ပြီး အကြောင်းအရင်း သိရှိရဖို့ မတ်လ (၇)ရက်နေ့မှာ စာထုတ် အကြောင်းကြားခဲ့ပေမယ့် အကြောင်းပြန်ကြားတာ မရှိဘူးလို့ ဆိုပါတယ်။

ဖြစ်စဉ်ကို သိရှိစေဖို့ ‌ကြားကာလအချိန်တွေမှာ ကယန်းပြည်သစ်တပ်မတော်နယ်မြေအထိ သွားရောက်တွေ့ဆုံဖို့ ကြိုးစားခဲ့ပေမယ့်လဲ ဗဟိုကော်မတီတွေက တွေ့ဆုံဖြေရှင်းပေးတာ မရှိဘူးလို့ သိရပါတယ်။

မတ်လ (၁၃)ရက်နေ့မှာတော့ မဟာမိတ်အဖွဲ့တွေရဲ့ စုံစမ်းထောက်လှမ်းပေးတာတွေကြောင့် ကယန်းပြည်သစ်တပ်မတော် ရုံးစိုက်တဲ့နယ်မြေတနေရာမှာ ရဲဘော်ကိုစိုင်းရဲ့ ရုပ်အလောင်းကို လူမဆန်စွာ ညှင်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေနဲ့ ရှာဖွေတွေ့ရှိခဲ့တာပါ။

ဒါ့ကြောင့် ရဲဘော်ကိုစိုင်းရဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကယန်းပြည်သစ်တပ်မတော်က တာဝန်အပြည့်အဝရှိကာ ဖြစ်စဉ်ကို မနေ့ကစပြီး (၃)ရက်ထဲ တာဝန်ယူဖြေရှင်းပေးဖို့နဲ့ အမိန့်ပေးစေခိုင်းသူနဲ့ ကျူးလွန်သူတွေကို ပြင်းထန်စွာ အရေးယူပေးဖို့ တိုက်တွန်းထားပါတယ်။

အခုဖြစ်ရပ်ဟာ တော်လှန်ရေးအဝန်းအဝိုင်းတခုလုံးကို ခြိမ်းခြောက်တာဖြစ်တဲ့အတွက် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ ဖြစ်စဉ်ကို သမာသမတ်ကျစေအောင် ဝိုင်းဝန်းကူညီပေးဖို့ တောင်းဆိုထားပါတယ်။

ပျဉ်းမနားမြို့ရှိ ကယန်းပြည်သစ်ရုံးစိုက်တဲ့ရွာမှာ စစ်ကောင်စီနဲ့ နေပြည်တော်-PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF က အထိနာကာ ပြန်ဆုတ်ခွာချိန် မိုင်းထောင်ခဲ့ကာ ကယန်းပြည်သစ်က နယ်မြေရှင်းလင်းချိန် မိုင်းနင်းခဲ့ပြီး ထိခိုက်ကျဆုံးခဲ့တာကြောင့် အခုလို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ နီးစပ်သူတွေထံက သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 137 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 120 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 111 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 104 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို