ဟားခါးမြို့မှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ ပစ်ခတ်ခံရ
အောက်တိုဘာလ (၂)ရက်။ မနေ့က နံနက် (၁၀)နာရီဝန်းကျင်အချိန်မှာ ဟားခါးမြို့ထဲ သန်းခေါင်စာရင်းကောက်ယူတဲ့အဖွဲ့ကို ပစ်ခတ်ခဲ့တယ်လို့ CDF-HAKHA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၁၀)နာရီလောက် ဟားခါးမြို့ပေါ်ရဲစခန်းနားမှာ သန်းခေါင်စာရင်းကောက်နေတဲ့အဖွဲ့ကို ပစ်ခတ်ခဲ့တာပါ။ အဲ့ဒီမှာ...