လေပွေလှိုင်းဖြတ်တဲ့ဒေသတွေမှာ မိုးသည်းထန်နိုင်တာကြောင့် ရေကြီး၊ ရေလျှံတာ သတိပြုကြဖို့ မိုး/ဇလသတိပေး
စက်တင်ဘာလ (၁၂)ရက်။ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ လေပွေလှိုင်းဟာ စစ်ကိုင်းအောက်ပိုင်း၊ မကွေးမြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဆက်လက်တည်ရှိနေတယ်လို့ မိုး/ဇလရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလေပွေလှိုင်းဟာ အနောက်-အနောက်မြောက်ဘက်ကို တဖြေးဖြေး ရွေ့လျားနိုင်ပြီး...