နိုင်ငံတဝန်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၈၀၀၀)ကျော်ရှိခဲ့
ဖေဖော်ဝါရီလ (၅)ရက်။ စစ်အာဏာသိမ်းတဲ့ (၄)နှစ်တာကာလထဲ စစ်ကောင်စီက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်တဲ့ အကြိမ်ရေ (၈၀၀၀)ကျော် ရှိခဲ့တယ်လို့ ISP-MYANMAR ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ နိုင်ငံတဝန်းက မြို့နယ်ပေါင်း (၁၆၂)ခုထက်မနည်းကို...









