ပုလောဒေသ (၅)မိုင်ရွာမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကြောင်းမှူးအပါအ၀င် (၅)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့
ဇူလိုင်လ (၁၂)ရက်။ ဇူလိုင်လ (၁၀)ရက်နေ့ နေ့လယ်(၁၂)နာရီအချိန်က ပုလောဒေသရှိ (၅)မိုင်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အင်အား (၅၀)ကျော်ခန့်ရှိတဲ့ စစ်ကောင်စီရဲ့ ခမရ(၂၈၅)စစ်ကြောင်းဟာ (၅)မိုင်ရွာကို...