နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်ဆင်ရေးတစ်နှစ်တာထဲ မြို့ (၁၂)မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ AA ထုတ်ပြန်၊ စစ်ရေးရည်မှန်းချက် အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပြီလို့ဆို

နိုဝင်ဘာလ (၁၅)ရက်။

အာရက္ခဒေသနဲ့ ပလင်ဝစစ်ဆင်ရေး တစ်နှစ်ပြည့်တဲ့အချိန် မြို့နယ်ပေါင်း (၁၂)မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ထိုးစစ်စတင်ခဲ့တဲ့‌နေ့ကစပြီး တစ်နှစ်ပြည့်တဲ့အထိ တစ်ရက်မှ တိုက်ပွဲရပ်တန့်တာမရှိတဲ့အထိ ရက်ဆက်ထိုးစစ်‌တွေ၊ မြို့သိမ်းတိုက်ပွဲတွေနဲ့အတူ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ခုခံစစ်၊ တန်ပြန်ထိုးစစ်တွေကြောင့် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ‌ဆိုပါတယ်။

စစ်ဆင်ရေး တစ်နှစ်ပြည့်တဲ့အချိန်မှာတော့ ပလက်ဝ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ မြေပုံ၊ ပေါက်တော၊ သံတွဲနဲ့ ကျိန္တလီမြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့ ဖော်ပြထားပါတယ်။

နောက်ပြီး အမ်း၊ တောင်ကုတ်၊ ဂွနဲ့ မောင်တောမြို့တို့ကိုလဲ အပြီးသတ်သိမ်းပိုက်နိုင်ဖို့ လက်တကမ်းအလိုကို ရောက်ရှိနေပြီဖြစ်ကာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး မောင်တောမြို့တစ်ခုလုံးကို သိမ်းပိုက်ထားနိုင်ပေမယ့် နယ်ခြားစောင့် အမှတ်(၅)တစ်ခုသာ ကျန်ရှိတော့တယ်လို့ ရေးသားထားပါတယ်။

အာရက္ခနဲ့ ပလက်ဝဒေသတွေမှာ စစ်ဆင်ရေးစတင်တာနဲ့ တပြိုင်ထဲ သတ်မှတ်ထားတဲ့ ပစ်မှတ်တွေကို မဟာဗျူဟာမြောက် ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ပြီး ရန်သူရဲ့ အားနည်းချက်ကို အပြည့်အဝ ရယူနိုင်တာကြောင့် အချိန်တိုထဲ အခုလို အောင်မြင်မှုရယူနိုင်ခဲ့တာလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် စခန်းသိမ်းတိုက်ပွဲတွေကနေ မြို့သိမ်းတိုက်ပွဲအဆင့်အထိ တက်လှမ်းခဲ့ပြီး စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်မ၊ ဗျူဟာ၊ စကခဌာနချုပ်၊ ဒကစဌာနချုပ်နဲ့ တိုင်းစစ်ဌာနချုပ်တွေကိုပါ သိမ်းပိုက်နိုင်ခဲ့တာကြောင့် စစ်ရေးရည်မှန်းချက်တွေ အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။

တစ်နှစ်တာစစ်ဆင်ရေးကာလထဲ အသက်ပေးစွန့်လွှတ်ခဲ့ကြတဲ့ အာရက္ခတပ်တော်နဲ့ မိတ်ဖက်အဖွဲ့အချို့က စစ်သည်တော်တွေ၊ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ရတဲ့ စစ်သည်တော်တွေနဲ့ အထောက်အပံ့ဖြစ်စေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် သက်ဆိုင်သူအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုတယ်လို့ ဖော်ပြထားပါတယ်။

ရက္ခိုင်အမျိုးသားလှုပ်ရှားမှု၊ အာရက္ခပြည်သူ့တော်လှန်ရေးကာလထဲ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ ဒေသနေပြည်သူတွေ၊ အဖွဲ့အစည်းနဲ့ အားပေးထောက်ခံကြတဲ့ ပြည်သူတွေ၊ မဟာမိတ်အဖွဲ့တွေ၊ မိတ်ဖက်အဖွဲ့အချို့နဲ့ ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 9 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 13 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့