ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်တဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သံဃသမဂ္ဂ-မန္တလေးထုတ်ပြန်
ဇွန်လ (၂၁)ရက်။ သံဃနာယကဆရာတော်တပါးဖြစ်တဲ့ ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်အုပ်စုက ဆင်ခြင်မှုကင်းမဲ့စွာ ပစ်ခတ်သတ်ဖြတ်တဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ သံဃသမဂ္ဂ-မန္တလေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတဝန်းက အပြစ်မဲ့ရဟန်းရှင်လူ ပြည်သူတွေကို နေ့တိုင်း လူသားမျိုးနွယ်စုအပေါ် လူမျိုးတုန်းသတ်ဖြတ်တာ၊...