နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်ရှိ စမ်းချောင်းမြို့က ငွေလဲကောင်တာတခု လုယက်ခံရကာ ဆိုင်မန်နေဂျာ ဓါးထိုးခံရပြီးသေဆုံးခဲ့

နိုဝင်ဘာလ (၉)ရက်။

မနေ့က နေ့လယ် (၃)နာရီ (၄၀)မိနစ်အချိန်က ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် မြေနီကုန်းတောင်ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ငွေလဲကောင်တာတစ်ခု လုယက်မှုဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောဆိုချက်‌အရ သိရပါတယ်။

“စမ်းချောင်း ဗားကရာလမ်းမှာ ဖွင့်ထားတဲ့ ငွေလဲကောင်တာကို အသားဖြူဖြူနဲ့ တရုတ်လူမျိုးပုံစံ အမျိုးသားတစ်ဦးက ဆိုင်ထဲဝင်လာပြီး ငွေလဲဖို့ စောင့်နေတုန်း ပါလာတဲ့ဓါးထုတ်ပြီး မန်နေဂျာကို ဓါးထောက်ငွေတောင်းတာ။ အဲ့ဒါကို လုံးထွေးနေတဲ့အချိန် ဓါးနဲ့ထိုးပြီး ထွက်ပြေးသွားတာ”လို့ ဆိုပါတယ်။

ငွေလဲကောင်တာမှာ ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာအမျိုးသမီးအပါအဝင် ဆိုင်ဝန်ထမ်းတို့ (၃)ဦးရှိနေချိန် အမျိုးသားတစ်ဦးရောက်လာပြီး ငွေလဲဖို့ထိုင်စောင့်နေကာ အချိန်အနည်းငယ်အကြာမှာ မန်နေဂျာကို အသင့်ပါလာတဲ့ ဓါးနဲ့ထောက်ပြီး လုယက်ခဲ့တာလို့ သိရပါတယ်။

“ဓါးနဲ့ထောက်ပြီးလုတာကို မန်နေဂျာနဲ့ ဆိုင်ဝန်ထမ်းက လုံးထွေးနေတဲ့အချိန် သူတို့ (၂)ဦးကို ဓါးနဲ့ထိုးပြီး ထွက်ပြေးသွားတာ။ ဓါးထိုးခံရသူထဲက ဆိုင်မန်နေဂျာကတော့ ဆေးရုံမှာ သေသွားတယ်ပြောတယ်”လို့ သူက ဆက်ပြောပါတယ်။

ဓါးထောက်လုယက်တာကြောင့် ဆိုင်မန်နေဂျာဖြစ်သူနဲ့ လုံးထွေးသတ်ပုတ်နေချိန် ဆိုင်ဝန်းထမ်းကပါ ဝင်ရောက်ကူညီခဲ့ကာ သူတို့ (၂)ဦးကို ဓါးနဲ့ထိုးပြီး ထွက်ပြေးသွားခဲ့တယ်လို့ သိရပြီး ဒဏ်ရာရရှိသူထဲက ဆိုင်မန်နေဂျာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ငွေလဲကောင်တာ လုယက်ခံရတဲ့ဖြစ်စဉ်ထဲ ဓါးနဲ့ထိုးခံရတာကြောင့် ဆိုင်မန်နေဂျာဖြစ်သူ ဒေါ်သင်းသင်းအေးဟာ ဂျိုင်းအောက် ဓါးဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်ကုသချိန် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေက ဖော်ပြထားပါတယ်။

ဒါ့အပြင် လုယက်သူ ကျန်ခဲ့တဲ့ ကျောပိုးအိတ်ထဲကနေ နိုင်ငံ‌သားစိစစ်ရေးကတ်တစ်ခု၊ ဓါတ်ဆီပုလင်း (၂)ပုလင်း၊ တယ်လီဖုန်းတစ်လုံးနဲ့ သစ်သားဓါးအိမ်တစ်ခု တွေ့ရှိခဲ့ပြီး ပိတ်ဆို့ဖမ်းဆီးနေတယ်လို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 125 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 116 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 105 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 94 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 81 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို