ယောနယ်ထဲ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်တာမှာ ပူးပေါင်းပါဝင်သူတွေကို အရေးယူသွားမယ်လို့ YDF သတိပေး
အောက်တိုဘာလ (၂)ရက်။ ယောနယ်ထဲ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူတာမှာ ပူးပေါင်းပါဝင်သူတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ယောကာကွယ်ရေးတပ်(YDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်သတိပေးထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ သူတို့လက်လှမ်းမီတဲ့ အတိုင်းအတာနဲ့ လူဦးရေ သန်းခေါင်စာရင်းတွေ ကောက်ယူနေတာဟာ အာဏာအဓွန့်ရှည်တည်တံ့နိုင်ဖို့အတွက် လုပ်ဆောင်နေတာလို့...









