မြန်မာပြဿနာကို ဖြေရှင်းမယ့် ဘယ်လိုအစီအစဉ်မဆို ပြည်သူတွေရဲ့ မျှော်မှန်းချက်နဲ့ ကိုက်ညီဖို့လိုတယ်လို့ ကုလသံအမတ်ကြီးဦးကျော်မိုးထွန်းပြော
ဩဂုတ်လ (၂၂)ရက်။ မြန်မာအရေးပြဿနာကို ဖြေရှင်းတဲ့ ဘယ်လိုအစီအစဉ်မဆို ပြည်သူတွေရဲ့ မျှော်မှန်းချက်နဲ့ ကိုက်ညီဖို့လိုတယ်လို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းက မနေ့ကပြုလုပ်တဲ့ ကုလလုံခြုံရေးကောင်စီရဲ့ တံခါးဖွင့်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မြန်မာအရေးပြဿနာကို ရေရှည်တည်တံ့တဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ပံ့ပိုးကူညီလိုတဲ့ နိုင်ငံတွေကို...









