မင်္ဂလာဒုံနဲ့ လှည်းကူးမြို့က စစ်ကောင်စီနေရာအချို့ မိုင်းခွဲတိုက်ခိုက်ခံရ
ဇူလိုင်လ (၃၁)ရက်။ မနေ့က ညပိုင်းအချိန်မှာ မင်္ဂလာဒုံမြို့ရှိ စစ်ကောင်စီဂိတ်စခန်းနဲ့ လှည်းကူးမြို့ရှိ စစ်မှုထမ်းဟောင်းရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ လှည်းကူးမြို့ရှိ ရန်ကုန်-ပဲခူးလမ်းမပေါ်က စစ်မှုထမ်းဟောင်းရုံးနဲ့ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာရပ်ကွက်၊ အမှတ် (၃)လမ်းမပေါ်က...








