KBC အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ခလမ်ဆမ်ဆွန် အကျဉ်းထောင်ကနေ ပြန်လွတ်လာ
ဇူလိုင်လ (၂၃)ရက်။ မနေ့က နံနက် (၁၁)နာရီခွဲအချိန်မှာ KBC အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ မြစ်ကြီးနားအကျဉ်းထောင်ကနေ ပြန်လွတ်လာခဲ့တယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေထံက သိရပါတယ်။ “ မနေ့က (၁၁)ခွဲလောက်မှာ ပြန်လွတ်လာတာပါ။ ဘယ်လိုပြန်လွတ်လာလဲဆိုတာကိုတော့ သေချာမသိရသေးပါဘူး၊ အခုအိမ်ကိုပြန်ရောက်နေပါပြီ”...









