စဉ့်ကူးမြို့က စစ်ကောင်စီရဲ့ ပင်လယ်ကြီးရွာတပ်စခန်းကို တော်လှန်ရေးတပ်တွေ ထပ်မံသိမ်းပိုက်နိုင်ခဲ့
ဇူလိုင်လ (၄)ရက်။ စဉ့်ကူးမြို့က စစ်ကောင်စီရဲ့ ပင်လယ်ကြီးတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပင်လယ်ကြီးရွာစခန်းကို အပြီးသတ်သိမ်းပိုက်လိုက်ပါပြီ။ ပျူစောထီးနဲ့ စစ်ခွေး (၃၀)ကျော်သေပါတယ်။ ကျန်တဲ့ စကစတွေလဲ ထွက်ပြေးတာတွေရှိပါတယ်”...







