မတ္တရာမြို့မှာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့
ဇွန်လ (၁၃)ရက်။ ဇွန်လ (၁၂)ရက်နေ့ နံနက်(၇)နာရီ (၂၃)မိနစ်အချိန်က မတ္တရာမြို့၊ တောပုရွာရှိ ဘုန်းကြီးကျောင်းထဲက စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ရတနာပုံတပ်ဦးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ မတ္တရာမြို့ကနေ နံနက်(၃)နာရီခွဲအချိန်ခန့်က ထွက်ခွာလာတာဖြစ်ပြီး...









