နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဇနီးသည်ကို သေဆုံးတဲ့အထိ ရိုက်နှက်ခဲ့သူကို Lion Battalion စစ်ကြောင်းက ထိုင်းရဲထံအပ်နှံ

ဇူလိုင်လ (၉) ရက်။

လွန်ခဲ့တဲ့ ဧပြီလက စင်္ကာပူနိုင်ငံမှာ နေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ် မထက်ထက်ဇော်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာရှိတဲ့ ခင်ပွန်းဖြစ်သူ ဇော်ဝင်းထွဋ် (ခ) ဝဠာဆီကို လာရောက်တွေ့ဆုံချိန်မှာ ခင်ပွန်းဖြစ်သူက ပြင်းထန်စွာ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုဒဏ်ကြောင့် ဦးခေါင်းထိပြီး ဧပြီ ၆ ရက်က သေဆုံးခဲ့ရပါတယ်။

မျက်နှာကို လက်သီးနဲ့ အချက်ပေါင်းများစွာအထိုးခံခဲ့ရတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ကုသဖို့ မထက်ထက်ဇော်ကို မယ်တော်ဆေးခန်းကတဆင့် မဲဆောက်ဆေးရုံကြီး၊ အဲဒီကတဆင့် တာ့ခ်ဆေးရုံအထိ ပို့ဆောင်ခဲ့ပြီး ဦးနှောက်သွေးယိုစီးမှုနဲ့ ခွဲစိတ်ဖို့ တွေကြိုးစားခဲ့ပေမဲ့ အဲဒီတာ့ခ်ဆေးရုံမှာပဲ သေဆုံးခဲ့တာလို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ မထက်ထက်ဇော် ရုပ်အလောင်းကို ဆေးရုံမှာ ပစ်ထားပြီး ဇော်ဝင်းထွဋ် (ခ) ဝဠာဟာ ပြည်တွင်းကို ထွက်ပြေးတိမ်းရှောင်သွားခဲ့တာကြောင့် Sisters 2 Sisters အဖွဲ့နဲ့ Lion Battalion စစ်ကြောင်းတို့က ကျူးလွန်သူကို ဖမ်းမိရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။

မထက်ထက်ဇော် သေဆုံးပြီး သုံးလအကြာ အခုလ ဇူလိုင် ၇ ရက်မှာ ဇော်ဝင်းထွဋ် (ခ) ဝဠာကို ထိုင်း−မြန်မာနယ်စပ် ကျောက်ခတ်ကျေးရွာကနေတဆင့် မဲဆောက်ခရိုင် ဖုတ်ဖရမြို့ရဲစခန်းကနေ မဲဆောက်ရဲစခန်းကို လွှဲပြောင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မထက်ထက်ဇော်ရဲ့ ရုပ်အလောင်းဟာ လာရောက်ထုတ်ယူသူ မရှိသေးတာကြောင့် လက်ရှိအချိန်ထိ မဲဆောက်ဆေးရုံမှာပဲရှိနေသေးပြီး သူမရဲ့ မိသားစုကလည်း ပြည်တွင်းကနေ ထွက်လာဖို့ ခက်ခဲတာကြောင့် အလောင်းထုတ်ယူတာနဲ့ နာရေးကိစ္စတို့ကို Sisters 2 Sisters အဖွဲ့က ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့သိရပါတယ်။

မထက်ထက်ဇော်ရဲ့ ရုပ်အလောင်း ထုတ်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးဖို့နဲ့ပတ်သက်ပြီး မထက်ထက်ဇော်ရဲ့ မိသားစု၊ဆွေမျိုးတွေအနေနဲ့ ဆက်သွယ်လာကြဖို့ စစ်ကောင်စီ လက်အောက်ခံ ဘန်ကောက်ရှိ မြန်မာသံရုံးကလည်း ကြေညာထားပါတယ်။

ခင်ပွန်းသည်ရဲ့ လူမဆန်စွာ ရိုက်နှက်ခဲ့မှုကြောင့် သေဆုံးခဲ့ရတဲ့ မထက်ထက်ဇော်မှာ အသက် (၁၀) နှစ်အောက် ကလေးနှစ်ယောက်လည်း ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။

ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က တာဝန်ယူမှုအပြည့်နဲ့ လူသတ်မှု ကျူးလွန်သူကို ရဲလက်အပ်ပေးနိုင်တာဟာ အဖွဲ့အစည်းအနေနဲ့ တရားဥပဒေစိုးမိုးရေးကို လုပ်ဆောင်နိုင်ခဲ့ပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ယင်းမာပင်ခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ (၂၁) ဦး အစုလိုက် အပြုံလိုက် ကွင်းဆက်လူသတ်မှုမှာ ပါဝင်ပတ်သက်နေတဲ့သူတွေကို အခုထိ အရေးမယူပေးနိုင်တာကို စိတ်ပျက်မိတယ်လို့ အသတ်ခံရတဲ့မိသားစုတွေအတွက် ဆောင်ရွက်ပေးနေတဲ့သူက ပြောပါတယ်။ ဒါ့အပြင် ပါဝင်ပတ်သက်နေတဲ့သူအချို့ဟာ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေထဲမှာ ထွက်ပြေးပုန်းရှောင်နေတာကို အဲ့ဒီအဖွဲ့က ကာကွယ်ပေးထားတာကိုလည်း အလွန်စိတ်ပျက်ဒေါသထွက်ရတယ်လို့ အဲ့ဒီတိုင်းရင်းသားနယ်မြေမှာ ကိုယ်တိုင်တွေ့မြင်ခဲ့တဲ့သူက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူတစ်ဦးသေဆုံးကာ ဟိုတယ်နဲ့ အဆောက်အဦတွေ ပျက်စီးခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 5 Views
ဇူလိုင်လ (၁၅)ရက်။ မနေ့က နံနက်အစောပိုင်းမှာ လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ MNDAA ရဲ့
မြန်မာသတင်း

မြို့ရွာတွေ သိမ်းပိုက်ထိုးစစ်ဆင်ရာမှာ တပ်ဖွဲ့၀င်တွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို MDY-PDF ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 8 Views
ဇူလိုင်လ (၁၅)ရက်။ မြို့ရွာတွေကို သိမ်းပိုက်ထိန်းချုပ်တာနဲ့ ထိုးစစ်ဆင်တာတို့မှာ တပ်ဖွဲ့၀င်တွေအနေနဲ့ လိုက်နာရမယ့် စည်းကမ်းချက်တွေကို MDY-PDF က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရန်ကုန်မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ်ပြုလုပ်ခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 15 Views
ဇူလိုင်လ (၁၅)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့တယ်လို့ North Dagon Oppressed People’s Strike ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလှုပ်ရှားမှုထဲ “ အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည်
မြန်မာသတင်း

ညောင်ရွှေမြို့မှာ PNO ပြည်သူ့စစ် (၂)ဦး တိုက်ခိုက်ခံရပြီးသေဆုံးခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 8 Views
ဇူလိုင်လ (၁၅)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်မှာ ဆိုင်ကယ်နဲ့ထွက်လာတဲ့ PNO ပြည်သူ့စစ်တပ်ဖွဲ့၀င် (၂)ဦးကို တိုက်ခိုက်ခဲ့တယ်လို့ ပျားစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PNO ပြည်သူ့စစ်တပ်ဖွဲ့၀င် (၂)ဦးဟာ နမ့်ဗွမ်ကျေးရွာရှိ စစ်ကောင်စီစခန်းကနေ ဆိုင်ကယ်နဲ့ထွက်လာချိန် ပျားစစ်ကြောင်းက
မြန်မာသတင်း

ရေစကြိုမြို့နယ်က ကျေးရွာပေါင်း (၁၃၀) ရေလွှမ်းမိုးနေ၊ လူဦးရေ (၁)သိန်းခန့် ရေဘေးနဲ့ကြုံနေရ

  • 2024 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 9 Views
ဇူလိုင်လ (၁၅)ရက်။ ထူးကဲမြစ်ရေ မြင့်တက်တာတွေကြောင့် ရေစကြိုမြို့နယ်မှာ ကျေးရွာပေါင်း (၁၃၀) ရေလွှမ်းမိုးနေတယ်လို့ မြို့နယ်-ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇူလိုင်လ (၆)ရက်နေ့ကစပြီး ရုတ်တရက် ထူးကဲမြစ်ရေ မြင့်တက်တာတို့ကြောင့် စိုက်ပျိုးသီးနှံတွေအားလုံး ဆုံးရှုံးခဲ့ရတဲ့အပြင် အိမ်ထောင်စု
မြန်မာသတင်း

ရွှေဘိုမြို့ရှိ ကူးတို့ဆိပ် ပျူစောထီးရွာစခန်းကို ကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက်ခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 9 Views
ရွှေဘိုမြို့ရှိ ကူးတို့ဆိပ် ပျူစောထီးရွာစခန်းကို ကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက်ခဲ့ ဇူလိုင်လ (၁၅)ရက်။ ‌ဇူလိုင်လ (၁၃)ရက်နေ့ နံနက်(၆)နာရီအချိန်မှာ ရွှေဘိုမြို့၊ ကူးတို့ဆိပ် ပျူစောထီးရွာစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ 96 Soldiers PDF(အညာဒေသ)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရန်ကုန်က ဝမ်းရောဂါ ဖြစ်ပွားသူတွေထဲ သေဆုံးသူထပ်ရှိပေမယ့် စစ်ကောင်စီကတော့ ဝန်မခံထား

  • 2024 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 92 Views
ဇူလိုင်လ (၁၅)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်တိုင်းထဲ ၀မ်းရောဂါဖြစ်ပွားသူတွေထဲမှာ အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့ပေမယ့် စစ်ကောင်စီကတော့ နေ့စဉ်ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားတာမရှိဘူးလို့ သိရပါတယ်။ ဇူလိုင်လ (၆)ရက်နေ့ကစပြီး ရန်ကုန်က မြို့နယ်အချို့မှာ ၀မ်းရောဂါ အစုလိုက်အပြုံလိုက် ကူးစက်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ (၁၄)ရက်နေ့အထိ
မြန်မာသတင်း

ATM စက်တွေမှာ ငွေဖြည့်ပေးထားတယ်လို့ ပုဂ္ဂလိကဘဏ်တွေကြေညာ

  • 2024 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 17 Views
ဇူလိုင်လ (၁၅)ရက်။ လူစည်ကားရာနေရာတွေနဲ့ ဘဏ်ခွဲတွေက ATM စက်တွေမှာ ငွေဖြည့်ထားပေးတယ်လို့ ပုဂ္ဂလိကဘဏ်တွေရဲ့ ဒီကနေ့ နံနက်ပိုင်းမှာ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ အခုလို ATM ငွေသားထုတ်ယူတဲ့စက်တွေမှာ ငွေဖြည့်ပေးထားတဲ့အကြောင်းကို ပုဂ္ငလိကဘဏ်တွေဖြစ်တဲ့ CB Bank နဲ့